အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ကမ္ဘာဦး 37:15 - မြန်မာ့စံမီသမ္မာကျမ်း ကွင်းပြင်၌ လှည့်လည်နေစဉ် လူတစ်ယောက်က သူ့ကိုတွေ့၍ “ဘာကိုရှာနေသနည်း”ဟု သူ့အားမေးလေ၏။ Common Language Bible သူသည်မြို့ပြင်၌လှည့်လည်ရှာဖွေနေစဉ် လူ တစ်ယောက်ကသူ့ကိုမြင်၍``သင်ဘာကိုရှာ နေသနည်း'' ဟုမေး၏။ Garrad Bible တော၌ လှည့် လည် သွား စဉ် တွင် လူ တစ် ဦး သည် သူ နှင့် တွေ့ ရာ မည် သည် ကို ရှာ သ နည်း ဟု မေး လျှင်၊ Judson Bible တော၌လှည့်လည်စဉ်တွင်၊ တစ်စုံတစ်ယောက်သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည်ဘာကိုရှာသနည်းဟု မေးလျှင်၊ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
သူကလည်း “အကျွန်ုပ်၏အစ်ကိုတို့ကို ရှာနေပါသည်။ သူတို့သည် သိုးဆိတ်တို့ကို အဘယ်မှာထိန်းကျောင်းနေသည်ကို အကျွန်ုပ်အားပြောပြပါ”ဟု ဆိုလျှင်
ထိုအခါ ဧလိရှဲက သူတို့အား “ဤလမ်းမဟုတ်ပါ။ ဤမြို့လည်း မဟုတ်ပါ။ ငါ့နောက်လိုက်ခဲ့ကြ။ သင်တို့ရှာနေသောသူထံ ငါခေါ်သွားပေးမည်”ဟု ဆိုကာ သူတို့ကို ရှမာရိမြို့သို့ ခေါ်သွားလေ၏။
ယေရှုသည်လှည့်၍ ထိုသူတို့လိုက်လာကြသည်ကိုမြင်လျှင်“မည်သည့်အရာကိုအလိုရှိကြသနည်း”ဟု မေးတော်မူ၏။ ထိုသူတို့ကလည်း “ရဗ္ဗိ၊ ကိုယ်တော်အဘယ်မှာနေတော်မူသနည်း”ဟု မေးလျှောက်ကြ၏။ (ရဗ္ဗိ၏အဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)
ယေရှုသည် မိမိ၌ဖြစ်လာမည့်အရာအလုံးစုံတို့ကို သိနှင့်တော်မူသောကြောင့် ထွက်လာ၍“မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင်
ထို့ကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် သူတို့အား“မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ဆိုကြ၏။
ယေရှုကလည်း“အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာနေသနည်း”ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။
ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် “မည်သည့်အလိုရှိတော်မူသနည်း”ဟူ၍လည်းကောင်း၊ “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း”ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။
သိသရကို လိုက်ရှာနေသော ဗာရက်ရောက်လာသောအခါ ယေလက သူ့ကိုထွက်ကြို၍ “လာပါ။ အရှင်ရှာဖွေနေသောသူကို အကျွန်ုပ် ပြပါမည်”ဟု ဆိုသဖြင့် သူသည် တဲထဲသို့လိုက်ဝင်သွားရာ သိသရသည် နားထင်၌ငုတ်တိုင်စူးဝင်၍လဲသေနေသည်ကို တွေ့ရလေ၏။