ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။
ကမ္ဘာဦး 34:12 - မြန်မာ့စံမီသမ္မာကျမ်း မင်္ဂလာကြေးနှင့်လက်ဆောင်ကို သင်တို့အလိုရှိသမျှ အကျွန်ုပ်ထံမှတောင်းပါ။ သင်တို့တောင်းသည့်အတိုင်း အကျွန်ုပ်ပေးပါမည်။ ဤမိန်းကလေးကိုသာ အကျွန်ုပ်၏မယားအဖြစ်ပေးပါ”ဟု ဆို၏။ Common Language Bible သင်တို့အလိုရှိသမျှမင်္ဂလာကြေးနှင့် လက်ဖွဲ့ပစ္စည်းကိုအမြင့်ဆုံးသတ်မှတ်တောင်း ဆိုကြပါ။ ဒိနကိုလက်ထပ်ခွင့်ပေးမည်ဆို လျှင်သင်တို့တောင်းဆိုသမျှကိုပေးပါမည်'' ဟုပြောလေ၏။ Garrad Bible ကန် တော့ ဥ စ္စာ ဖြစ် စေ၊ ခန်း ဝင် ဥ စ္စာ ဖြစ် စေ၊ နည်း များ မ ဟူ တောင်း ဆို သည့် အ တိုင်း ပေး ပါ မည်။ ဤ သ တို့ သ မီး ကို ထိမ်း မြား ကြ ပါ ဟု အ ဘ နှင့် မောင် တို့ အား ဆို လေ ၏။ Judson Bible ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည်အတိုင်းပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။ |
ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။
ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
ရှေခင်ကလည်း မိန်းကလေး၏ဖခင်နှင့်အစ်ကိုတို့အား “အကျွန်ုပ်သည် သင်တို့ရှေ့၌ မျက်နှာရပါစေ။ သင်တို့တောင်းသမျှကို အကျွန်ုပ်ပေးပါမည်။
သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။
ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။
ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။
ထို့ကြောင့် ငါသည် ထိုမိန်းမကို ငွေတစ်ဆယ့်ငါးရှယ်ကယ်နှင့် မုယောဆန်တစ်ဟောမဲခွဲဖြင့် ဝယ်ယူ၏။
တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့တွင် ဤနေရာ၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး မည်သည့်အရာမျှမရှိပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း ထိုစကားများကို ဒါဝိဒ်အား ပြောကြားကြ၏။ ထိုအခါ ဒါဝိဒ်က သူတို့အား “ဂုဏ်မရှိသောဆင်းရဲသားအကျွန်ုပ်ကား ရှင်ဘုရင်၏သမက်ဖြစ်ရန် ဤမျှလောက်လွယ်ကူမည်ဟု သင်တို့ထင်သလော”ဟု ပြန်ပြော၏။