ဤသို့ဖြင့် ယာကုပ်သည် စည်းစိမ်အလွန့်အလွန်တိုးပွား၍ များစွာသောသိုးဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့် မြည်းတို့ကိုပိုင်ဆိုင်လာလေ၏။
ကမ္ဘာဦး 32:14 - မြန်မာ့စံမီသမ္မာကျမ်း ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊ Garrad Bible ဆိတ် မ နှစ် ရာ၊ ဆိတ် ထီး နှစ် ဆယ်၊ သိုး မ နှစ် ရာ၊ သိုး ထီး နှစ် ဆယ်၊ Judson Bible ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊ |
ဤသို့ဖြင့် ယာကုပ်သည် စည်းစိမ်အလွန့်အလွန်တိုးပွား၍ များစွာသောသိုးဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့် မြည်းတို့ကိုပိုင်ဆိုင်လာလေ၏။
သိုးဆိတ်တို့မိတ်လိုက်ရာသီ၌ ငါမျှော်ကြည့်လိုက်ရာ သိုးမ၊ ဆိတ်မတို့နှင့်မိတ်လိုက်နေသော သိုးထီး၊ ဆိတ်ထီးတို့သည် အစင်းကျားပါသောအကောင်များ၊ အစက်အပြောက်ပါသောအကောင်များဖြစ်ကြောင်း အိပ်မက်ထဲတွင် ငါတွေ့မြင်ရ၏။
အကယ်စင်စစ် အကျွန်ုပ်တို့ဖခင်ထံမှ ဘုရားသခင်နုတ်ယူတော်မူသောဓနဥစ္စာအားလုံးသည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများပိုင်ဆိုင်သောဓနဥစ္စာဖြစ်ပါ၏။ ထို့ကြောင့် ယခု သင့်အား ဘုရားသခင်မိန့်တော်မူသမျှကို ပြုပါလော့”ဟု ဆိုကြ၏။
ထိုသို့ဖြင့် ဘုရားသခင်သည် သင်တို့ဖခင်၏တိရစ္ဆာန်တို့ကိုနုတ်ယူ၍ ငါ့အားပေးတော်မူပြီ။
ယာကုပ်သည် ထိုညတွင် ထိုအရပ်၌ညအိပ်နားပြီးလျှင် အစ်ကိုဧသောအား လက်ဆောင်ပေးရန် မိမိ၏လက်ရှိဥစ္စာထဲမှ
နို့တိုက်ကုလားအုတ်အကောင်သုံးဆယ်နှင့် ၎င်းတို့၏သားပေါက်များ၊ နွားမအကောင်လေးဆယ်၊ နွားထီးဆယ်ကောင်၊ မြည်းမအကောင်နှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုယူ၍
သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
သူသည် သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ မြည်းငါးရာနှင့် အစေခံအများအပြား ပိုင်ဆိုင်ထား၏။ အရှေ့ပြည်သားအပေါင်းတို့တွင် သူသည် အချမ်းသာဆုံးဖြစ်၏။
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍ မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။
ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။