ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ကမ္ဘာဦး 32:13 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် ထိုညတွင် ထိုအရပ်၌ညအိပ်နားပြီးလျှင် အစ်ကိုဧသောအား လက်ဆောင်ပေးရန် မိမိ၏လက်ရှိဥစ္စာထဲမှ Common Language Bible ယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။- Garrad Bible ထို ညဉ့် တွင် ပင် ၎င်း အ ရပ်၌ တည်း ခို ပြီး မှ လက် ရှိ ဥ စ္စာ အ နက်၊ Judson Bible ထိုအရပ်၌ တစ်ညပတ်လုံးနေပြီးမှ၊ မိမိလက်ရှိဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာဖို့၊ |
ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။
သူသည် မျှော်ကြည့်လိုက်ရာ လူသုံးယောက်သည် သူနှင့်မလှမ်းမကမ်းတွင်ရပ်နေကြသည်ကို မြင်လေ၏။ အာဗြဟံသည် သူတို့ကိုမြင်သောအခါ ကြိုဆိုရန် တဲအဝင်ဝမှပြေးထွက်လာ၍ မြေမှာပျပ်ဝပ်ပြီးလျှင်
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊
ယာကုပ်ကလည်း “မဟုတ်ပါ။ အကျွန်ုပ်သည် သခင့်ရှေ့၌ မျက်နှာရပါလျှင် အကျွန်ုပ်ပေးသောလက်ဆောင်ကို လက်ခံပါလော့။ အကယ်စင်စစ် သခင်၏မျက်နှာကို အကျွန်ုပ်ဖူးမြင်ရသည်မှာ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ဖြစ်ပါ၏။ သခင်သည်လည်း အကျွန်ုပ်ကို ကြည်ဖြူစွာလက်ခံပါပြီ။
ဧသောက “ငါတွေ့ခဲ့သော ဤတိရစ္ဆာန်အစုစုတို့ကား အဘယ်နည်း”ဟု မေးလျှင် ယာကုပ်က “အကျွန်ုပ်သခင်၏ရှေ့၌ မျက်နှာရရန်အတွက်ဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။
ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
ယောသပ်အိမ်သို့ပြန်ရောက်သောအခါ သူတို့သည် မိမိတို့၏လက်ဆောင်ကို အိမ်ထဲသို့ယူဆောင်လာ၍ ယောသပ်ရှေ့၌ ပျပ်ဝပ်ကြ၏။
ထို့ကြောင့် ငါသည် မြို့ရိုးအနောက်ဘက် မြေနိမ့်ပိုင်းကွင်းပြင်တွင် မျိုးနွယ်စုအလိုက် ဓား၊ လှံ၊ လေးတို့နှင့်တကွ အစောင့်ချထား၏။
တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍ မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။
လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍ ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
များစွာသောသူတို့သည် မင်းအရာရှိထံမှမျက်နှာရရန်ကြိုးစားတတ်ကြ၏။ လူတိုင်းသည်လည်း လက်ဆောင်ပေးသောသူနှင့်မိတ်ဆွေဖြစ်တတ်ကြ၏။
တိတ်တဆိတ်ပေးသောလက်ဆောင်သည် အမျက်ကိုလည်းကောင်း၊ လျှို့ဝှက်စွာပေးသောတံစိုးလက်ဆောင်သည် ပြင်းထန်သောအမျက်ဒေါသကိုလည်းကောင်း ပြေစေတတ်၏။
ယခု သခင့်အဖို့ သခင့်ကျွန်မ ယူလာသောလက်ဆောင်ကို သခင့်နောက်လိုက်ငယ်သားတို့အား ပေးလိုက်ပါရစေ။
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။