လေအာသည် မိမိသားဖွားခြင်းရပ်တန့်သွားကြောင်း သိမြင်သောအခါ မိမိ၏ကျွန်မဇိလပကိုယူ၍ ယာကုပ်အား မယားအဖြစ်ပေးလေ၏။
ကမ္ဘာဦး 30:3 - မြန်မာ့စံမီသမ္မာကျမ်း ရာခေလကလည်း “အကျွန်ုပ်၏ကျွန်မဗိလဟာရှိပါသည်။ သူသည် အကျွန်ုပ်၏ဒူးပေါ်မှာ သားဖွား၍ သူ့အားဖြင့် အကျွန်ုပ်သည် မိသားစုတည်ထောင်နိုင်မည့်အကြောင်း သူ့ထံသို့ဝင်ပါလော့”ဟု ဆို၏။ Common Language Bible ရာခေလက``ကျွန်မအတွက်ကလေးရစေရန် ကျွန်မ၏ကျွန်ဗိလဟာနှင့်အိပ်ပါလော့။ သူ့ အားဖြင့်ကလေးရလျှင်ကျွန်မသည်အမေ တစ်ယောက်ဖြစ်လာနိုင်ပါမည်'' ဟုဆိုလေ၏။- Garrad Bible ရာ ခေ လ က လည်း ကျွန် မ ၌ ကျွန် မိန်း မ ဗိ လ ဟာ ရှိ ပါ ၏။ သူ့ ထံ ၀င် ပါ။ ကျွန် မ ဒူး ပေါ် မှာ သူ သား ဖွား သ ဖြင့် ကျွန် မ သား ရ လိမ့် မည် ဟု ဆို လျက်၊ Judson Bible ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာရှိပါ၏။ သူ့ထံသို့ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဖွား၍၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်းရှိပါလိမ့်မည်ဟုဆိုလျက်၊ |
လေအာသည် မိမိသားဖွားခြင်းရပ်တန့်သွားကြောင်း သိမြင်သောအခါ မိမိ၏ကျွန်မဇိလပကိုယူ၍ ယာကုပ်အား မယားအဖြစ်ပေးလေ၏။
ဤသူတို့ကား လာဗန်က မိမိသမီးရာခေလအားလက်ဖွဲ့အဖြစ်ပေးသော ဗိလဟာ၏သားများဖြစ်ကြ၏။ ဗိလဟာသည် ယာကုပ်အတွက် ဤသားတို့ကိုမွေးဖွားပေး၍ စုစုပေါင်းခုနစ်ယောက်ရှိ၏။
ဧဖရိမ်၏သားသမီးတို့ကို တတိယမျိုးဆက်အထိ မြင်ရ၏။ မနာရှေ၏မြေး၊ မာခိရ၏သားသမီးတို့သည်လည်း ယောသပ်၏ဒူးပေါ်မှာ မွေးဖွားကြ၏။
ဒူးတို့သည်လည်း အဘယ်ကြောင့် ငါ့ကိုကြိုဆိုကြသနည်း။ အဘယ်ကြောင့် နို့ကို ငါစို့ရသနည်း။
မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။