ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
ကမ္ဘာဦး 3:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အာဒံအား “သင်သည် မိမိမယား၏စကားကိုနားထောင်၍ မစားရဟု သင့်အား ငါပညတ်ထားသောအပင်၏အသီးကိုစားသောကြောင့် မြေသည် သင့်အတွက် ကျိန်ခြင်းကိုခံရ၏။ သင်သည် အသက်ရှင်သမျှကာလပတ်လုံး မြေ၏အသီးကို ပင်ပန်းခက်ခဲစွာလုပ်ကိုင်စားသောက်ရမည်။ Common Language Bible ယောကျာ်းအားလည်း``ထိုအပင်၏အသီးကို မစားရဟု ငါပညတ်ထားသော်လည်း သင် ၏မယား၏စကားကိုနားထောင်၍စားလေ ပြီ။ သင်ထိုသို့ပြုခြင်းကြောင့်မြေသည်ကျိန် စာသင့်ရ၏။ သင်သည်မိမိဝမ်းစာအတွက် မြေမှသီးနှံထွက်စေရန် တစ်သက်လုံးပင်ပန်း စွာလုပ်ကိုင်ရမည်။- Garrad Bible အာ ဒံ အား လည်း သင် သည် မ ယား ၏ စ ကား ကို နား ထောင် ၍ မ စား ရ ဟု ငါ ပ ညတ် သော အ ပင်၏ အ သီး ကို စား မိ သော ကြောင့် မြေ သည် သင့် အ တွက် အမင်္ဂ လာ ကို ခံ ရ သ ဖြင့် မြေ၏ အ သီး ကို တစ် သက် ပတ် လုံး ဒု က္ခ ခံ လျက် သင် စား ရ မည်။ Judson Bible ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာ စားရမည်။ |
ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။
ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။
“ဤသားသည် ထာဝရဘုရားကျိန်တော်မူသောမြေကြီးပေါ်၌ ငါတို့လုပ်ရသောအလုပ်နှင့် ငါတို့လက်ဖြင့်လုပ်ရသောပင်ပန်းခက်ခဲမှုမှ ငါတို့ကိုသက်သာရာရစေသောသားဖြစ်လိမ့်မည်”ဟု ဆိုလျက် သူ၏အမည်ကို နောဧ ဟုမှည့်ခေါ်လေ၏။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
လူဆိုးတို့၏မီးခွက်သည် ဘယ်နှကြိမ် ငြိမ်းဖူးသနည်း။ သူတို့သည် ဘယ်နှကြိမ် ဒုက္ခရောက်ဖူးသနည်း။ ဘုရားသခင်၏အမျက်တော်ဒဏ်ကို ဘယ်နှကြိမ် ခံရဖူးသနည်း။
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သူသည် မိမိ၏နေ့ရက်အားလုံးတို့၌ များစွာစိတ်ပျက်ခြင်း၊ ဝေဒနာခံစားရခြင်းနှင့် အမျက်ထွက်ခြင်းဖြင့် အမှောင်ထဲတွင်စားသောက်ရမည်။
‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ဤအငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့မပြုခဲ့သမျှသည် ငါ့ကိုမပြုခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။