ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ကမ္ဘာဦး 28:4 - မြန်မာ့စံမီသမ္မာကျမ်း သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် အာဗြဟံအား ဘုရားသခင်ပေးတော်မူသောပြည်ကို သင်ပိုင်ဆိုင်ရမည့်အကြောင်း အာဗြဟံအား ပေးတော်မူသောကောင်းချီးမင်္ဂလာကို ကိုယ်တော်သည် သင်နှင့်တကွ သင်နှင့်အတူရှိသော သင်၏သားမြေးတို့အား ပေးတော်မူပါစေသော”ဟု ကောင်းချီးပေးလျက် မှာကြားလေ၏။ Common Language Bible ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။- Garrad Bible အ ထက် က အာ ဗြ ဟံ အား ပေး တော် မူ၍ သင် ယ ခု လူ စိမ်း အ ဖြစ် နေ သော ဤ ပြည် ကို အ ပိုင် ရ စေ ရန် သင် နှင့် အ မျိုး အ နွယ် အား အာ ဗြ ဟံ ခံ ရ သော ကောင်း ကြီး မင်္ဂ လာ ကို ပေး တော် မူ စေ သ တည်း ဟု ကောင်း ကြီး ပေး လျက် မှာ ထား လွှတ် လိုက် လေ၏။ Judson Bible အထက်က အာဗြဟံအားပေးတော်မူ၍၊ သင် ယခုဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အားလည်းကောင်း၊ သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အာဗြဟံ၏ကောင်းချီးမင်္ဂလာကိုပေးတော်မူစေသတည်းဟု ကောင်းချီးပေးလျက် မှာထား၍လွှတ်လိုက်လေ၏။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
ထိုအခါ ဣဇက်သည် အလွန်ထိတ်လန့်တုန်လှုပ်လျက် “သို့ဖြစ်လျှင် တောကောင်လိုက်ဖမ်း၍ ငါ့ထံသို့ယူလာခဲ့သောသူသည် မည်သူနည်း။ သင်ရောက်မလာမီ ငါသည် အကုန်စားပြီး သူ့ကိုကောင်းချီးပေးလေပြီ။ အကယ်စင်စစ် သူသည် ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်”ဟု ဆို၏။
အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
ဧည့်သည်အဖြစ် သူတို့တည်းခိုနေထိုင်ခဲ့သည့်ပြည်တည်းဟူသော ခါနာန်ပြည်ကို သူတို့အားပေးရန် ငါ၏ပဋိညာဉ်ကို သူတို့၌ ငါတည်စေပြီ။
ထိုသို့ ငါတို့ကိုရွေးနုတ်တော်မူခြင်းမှာ အာဗြဟံခံစားရသောကောင်းချီးမင်္ဂလာသည် ခရစ်တော်ယေရှုအားဖြင့် လူမျိုးခြားတို့အပေါ်သို့ သက်ရောက်သဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ခံယူရရှိရန်အတွက်ဖြစ်၏။
ဘုရားသခင်သည် လူမျိုးခြားတို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူမည်ဖြစ်ကြောင်း ကျမ်းစာသည် ကြိုတင်သိမြင်၍ အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်”ဟူသည့် ကောင်းမြတ်သောသတင်းကို ကြိုတင်ဟောပြောလေ၏။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။