ယာကုပ်၏လက်သည် အစ်ကိုဧသော၏လက်ကဲ့သို့ အမွေးထူသောကြောင့် ယာကုပ်ဖြစ်ကြောင်းမသိနိုင်သဖြင့် ဣဇက်သည် သူ့ကိုကောင်းချီးပေးလေ၏။
ကမ္ဘာဦး 27:24 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် “သင်သည် အမှန်ပင် ငါ့သားဧသောဖြစ်သလော”ဟု မေးပြန်၏။ ယာကုပ်ကလည်း “မှန်ပါသည်”ဟု ဆို၏။ Common Language Bible ``သင်သည်အကယ်ပင်ဧသောဖြစ်သလော'' ဟုမေးပြန်၏။ ယာကုပ်က``ဟုတ်ပါသည်'' ဟုဖြေ၏။ Garrad Bible တစ် ဖန်၊ သင် သည် ငါ့ သား ဧ သော မှန် သ လော ဟု မေး ပြန် လျှင်၊ Judson Bible သို့ရာတွင် တစ်ဖန်ကား၊ သင်သည် ငါ့သားဧသောစင်စစ် အမှန်ပင်ဖြစ်သလောဟုမေးပြန်လျင်၊ မှန်ပါသည်ဟု ဆို၏။ |
ယာကုပ်၏လက်သည် အစ်ကိုဧသော၏လက်ကဲ့သို့ အမွေးထူသောကြောင့် ယာကုပ်ဖြစ်ကြောင်းမသိနိုင်သဖြင့် ဣဇက်သည် သူ့ကိုကောင်းချီးပေးလေ၏။
ဣဇက်ကလည်း “ငါ့သား၊ ငါစားဖို့ တောကောင်သားကို ငါ့ထံသို့ ယူလာလော့။ ငါစားပြီးလျှင် သင့်ကို ကောင်းချီးပေးမည်”ဟု ဆိုလျှင် ယာကုပ်သည် သူ့ထံသို့ယူလာ၍ သူသည်စားလေ၏။ စပျစ်ဝိုင်ကိုလည်း ယူလာပေးရာ သူသည်သောက်လေ၏။
ထိုအခါ ရှင်ဘုရင်က သူ့အား “သင်၌ အဘယ်အမှုရောက်နေသနည်း”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် ခင်ပွန်းသည်ဆုံးသွားသော မုဆိုးမတစ်ဦးဖြစ်ပါ၏။
ပရောဖက်က “ငါသည်လည်း သင်ကဲ့သို့ ပရောဖက်တစ်ပါးပင်ဖြစ်ပါ၏။ ‘သူ့ကို သင့်အိမ်သို့ ပြန်ခေါ်သွားပါ။ အစာလည်း ကျွေးပါ၊ ရေလည်း တိုက်ပါ’ဟူသည့် ထာဝရဘုရား၏စကားတော်ကို ကောင်းကင်တမန်တစ်ပါးက ငါ့အား မိန့်တော်မူပြီ”ဟု လိမ်ညာပြောဆိုလေ၏။
သင့်အပြစ်သည် သင့်နှုတ်ကို သင်ပြပေး၍ သင်သည် ကောက်ကျစ်သောစကားကို ရွေးသုံးလေပြီ။
မှန်ကန်သောနှုတ်ခမ်းသည် ထာဝစဉ်တည်မြဲ၏။ မုသားသုံးသောလျှာမူကား တစ်ခဏမျှသာတည်၏။
မုသားနှုတ်ခမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သစ္စာရှိစွာပြုကျင့်သောသူတို့ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
မဟုတ်မမှန်သောအရာနှင့် လိမ်လည်သောစကားကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါ။ ဆင်းရဲခြင်းကိုလည်းကောင်း၊ ကြွယ်ဝချမ်းသာခြင်းကိုလည်းကောင်း အကျွန်ုပ်အား ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက်လိုအပ်သောအစာကိုသာ အကျွန်ုပ်အား ပေးတော်မူပါ။
သင်တို့ပြုကျင့်ရမည်မှာ အချင်းချင်း မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝတို့၌ တရားစီရင်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ကြလော့။
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍
ထို့ကြောင့် သူတို့ရှေ့တွင် စိတ်မနှံ့သူ အရူးကဲ့သို့ အယောင်ဆောင်ရလေ၏။ သူသည် တံခါးရွက်တို့ကို ကုတ်ခြစ်ပြီး မုတ်ဆိတ်များပေါ် သွားရည်များ စီးကျစေ၏။
ဒါဝိဒ်က ယဇ်ပုရောဟိတ်အဟိမလက်အား “ရှင်ဘုရင်သည် အကျွန်ုပ်ကို အမှုတစ်ခုစေခိုင်းလိုက်ပါ၏။ ရှင်ဘုရင်က ‘သင့်ကို ငါစေခိုင်းသောအမှု၊ သင့်ကို မိန့်မှာသောအမှုတို့ကို မည်သူ့ကိုမျှ မသိစေရ’ဟု မိန့်မှာထားပါ၏။ ငယ်သားတို့နှင့် တစ်နေရာတွင် အကျွန်ုပ်ချိန်းချက်ထားပါ၏။
အာခိတ်မင်းကြီးကလည်း “ယနေ့ မည်သည့်အရပ်တွင် တိုက်ခိုက်ခဲ့သနည်း”ဟု မေးလျှင် ဒါဝိဒ်က “ယုဒတောင်ဘက်”၊ “ယေရမေလတောင်ဘက်”၊ “ကေနိတောင်ဘက်” စသည်ဖြင့် ပြန်လျှောက်လေ့ရှိ၏။