Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 15:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင့်​အပြစ်​သည် သင့်​နှုတ်​ကို သင်ပြ​ပေး​၍ သင်​သည် ကောက်ကျစ်​သော​စကား​ကို ရွေးသုံး​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ သို့ ဆို သော် သင့် နှုတ် ကို ဒု စ ရိုက် သွန် သင် သည့် အ တိုင်း၊ စဉ်း လဲ သော လျှာ ကို သင် ရွေး ချယ် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သင်​သည် ကိုယ်​နှုတ်​ဖြင့် ကိုယ်​အ​ပြစ်​ကို​ဖော်​ပြ၏။ ပ​ရိ​ယာယ်​ပြု​သော သူ၏​စ​ကား​ကို​သုံး​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 15:5
19 ပူးပေါင်းရင်းမြစ်များ  

ပြီးပြည့်စုံ​သော​ဉာဏ်ပညာ​သည် အသွား​နှစ်​ဖက်​ပါ​သည်​ဖြစ်၍ ဉာဏ်ပညာ​၏​လျှို့ဝှက်ချက်​ကို သင့်​အား ဖော်ပြ​တော်မူ​ပါစေ​။ ဘုရားသခင်​သည် သင့်​အပြစ်​များ​ကို မေ့လျော့​တော်မူ​ကြောင်း သိမှတ်​လော့​။


ဓားပြ​တို့​၏​တဲ​သည် အေးချမ်း​လျက်​ရှိ​၏​။ ကိုယ့်​လက်​ဖြင့် ဘုရား​ကို​လုပ်​၍ ဘုရားသခင်​၏​အမျက်​တော်​ကို​နှိုးဆွ​သော​သူ​တို့​သည် ဘေးကင်းလုံခြုံ​လျက်​ရှိ​၏​။


အကယ်စင်စစ် သင်​၌ အကြောက်အလန့် မ​ရှိ​တော့​ပြီ​။ ဘုရားသခင်​ထံ အာရုံပြုလိုစိတ်​လည်း ပပျောက်​လေ​ပြီ​။


သင်​ပြု​သော​မကောင်းမှု​များ​မှာ များပြား​လွန်း​သည်​မ​ဟုတ်​လော​။ သင်​ပြု​သော​အပြစ်​များ​မှာ​လည်း အဆုံး​မ​ရှိ​။


ယောဘ​သည် မိမိကိုယ်မိမိ ဖြောင့်မတ်​သည်​ဟု ခံယူ​သောကြောင့် ထို​သူ​သုံး​ဦး​လည်း ဘာမျှ​ဆက်​မ​ပြော​တော့​ပေ​။


ထိုသို့ ယောဘ​က မိမိကိုယ်မိမိ ဘုရားသခင်​ထက် ဖြောင့်မတ်​မှန်ကန်​သည်​ဟု ဆို​သောကြောင့် ရာမ​မျိုးနွယ်စု​၊ ဗုဇ​အမျိုး​၊ ဗာရခေလ​၏​သား ဧလိဟု​သည် ယောဘ​ကို အမျက်ထွက်​၏​။


ဉာဏ်များ​သော​သူ​၏​အကြံ​ကို ဖျက်​တော်မူ​သဖြင့် သူ​တို့​လုပ်ဆောင်​သော​အရာ​တို့​သည် မ​အောင်မြင်​ပေ​။


ပညာရှိ​တို့​ကို သူ​တို့​၏​အတတ်ပညာ​အားဖြင့် ပြန်​၍​အဖမ်း​ခံရ​စေ​၏​။ ဉာဏ်များ​သော​သူ​တို့​၏​အကြံ​ကို​လည်း ရုတ်ခြည်း​ဖျက်ဆီး​တော်မူ​၏​။


သူ​တို့​သည် မိမိ​တို့​လျှာ​ကို ဓား​ကဲ့သို့​ထက်​စေ​ပြီး မိမိ​တို့​၏​ခါးသီး​သော​စကား​များ​ကို မြား​ကဲ့သို့​ချိန်ရွယ်​လျက်


သူ​တို့​၏​လျှာ​သည် သေ​စေ​နိုင်​သော​မြား​ဖြစ်​၏​။ သူ​၏​နှုတ်​သည် လိမ်လည်လှည့်ဖြား​ပြောဆို​တတ်​၏​။ အိမ်နီးချင်း​ကို ချိုချိုသာသာ​ပြောဆို​သော်လည်း စိတ်​ထဲ၌ အလစ်ချောင်း​လျက်​နေ​၏”​ဟု မိန့်​တော်မူ​၏​။


ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။


တစ်စုံတစ်ယောက်​သည် မိမိ​ကိုယ်​ကို ဘာသာ​တရား​ကိုင်းရှိုင်း​သူ​ဖြစ်​သည်​ဟု ထင်မှတ်​သော်လည်း မိမိ​လျှာ​ကို​မ​ချုပ်တည်း​ဘဲ မိမိ​စိတ်နှလုံး​ကို​လှည့်ဖြား​လျှင် ထို​သူ​၏​ဘာသာ​တရား​ကိုင်းရှိုင်း​မှု​သည် အချည်းနှီး​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ