သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။
ကမ္ဘာဦး 26:30 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဣဇက်သည် သူတို့အတွက် စားသောက်ပွဲတည်ခင်း၍ သူတို့သည် စားသောက်ကြ၏။ Common Language Bible ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။- Garrad Bible ဣ ဇာက် သည် သူ တို့ အ ဖို့ စား သောက် ပွဲ ကို ခင်း ကျင်း ၍ စား သောက် ကြ ကုန် ၏။ Judson Bible ဣဇာက်သည်၊ သူတို့အဖို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။ |
သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။
ကလေးသည် ကြီးလာ၍ နို့ပြတ်လေ၏။ ဣဇက်နို့ပြတ်သောနေ့၌ အာဗြဟံသည် ကြီးကျယ်ခမ်းနားသောစားသောက်ပွဲကျင်းပလေ၏။
သူတို့သည် နံနက်စောစောထ၍ တစ်ဦးနှင့်တစ်ဦးကျိန်ဆိုခြင်းကိုပြုကြ၏။ ထို့နောက် ဣဇက်သည် သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ငြိမ်းချမ်းစွာပြန်သွားကြ၏။
ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
ထို့နောက် မောရှေ၏ယောက္ခမယေသရောသည် ဘုရားသခင်ထံ မီးရှို့ရာယဇ်နှင့် ယဇ်ကောင်များကို ယူဆောင်လာ၏။ အာရုန်နှင့်အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ မောရှေ၏ယောက္ခမနှင့်အတူ အစားအစာစားသောက်ရန် လာကြ၏။
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။