အစေအပါးကလည်း “ထာဝရဘုရားသည် အကျွန်ုပ်၏ခရီးစဉ်ကို အောင်မြင်စေတော်မူပြီဖြစ်၍ အကျွန်ုပ်မနှောင့်နှေးပါရစေနှင့်။ အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။ အကျွန်ုပ်သခင်ထံသို့ ပြန်သွားပါရစေ”ဟု ဆို၏။
ထိုသူက``ကျွန်ုပ်ကိုမတားပါနှင့်။ ထာဝရ ဘုရားသည်ကျွန်ုပ်လာရသောကိစ္စကိုထမြောက် အောင်မြင်စေတော်မူပြီဖြစ်၍သခင့်ထံသို့ ပြန်ပါရစေ'' ဟုပြန်ပြော၏။
ထို သူ က ထာ၀ ရ ဘု ရား သည် ကျွန် တော့် ခ ရီး မှု ကို အ ထ မြောက် စေ တော် မူ ပြီး ဖြစ် ၍၊ ကျွန် တော် ကို မ တား မြစ် ဘဲ သ ခင့် ထံ ပြန် သွား ခွင့် ပြု ကြ ပါ လော့ ဟု လျှောက် လေ ၏။
ထိုသူကလည်း၊ ကျွန်ုပ်ကိုမဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့သွားရသောအခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
သခင်က ‘ငါသည် ထာဝရဘုရားရှေ့တော်၌ အသက်ရှင်လျှောက်လှမ်းခဲ့၏။ ထိုဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်၍ သင်၏ခရီးစဉ်ကို အောင်မြင်ခွင့်ပေးတော်မူလိမ့်မည်။ သို့ဖြစ်၍ သင်သည် ငါ့မျိုးနွယ်စု၊ ငါ့ဖခင်၏အိမ်တွင် ငါ့သားအတွက် မိန်းမကိုရှာရမည်။
ထို့နောက် ထိုအစေအပါးနှင့်သူ့အဖော်တို့သည် စားသောက်၍ ညအိပ်နားကြ၏။ နံနက်အချိန်တွင် သူတို့ထကြသောအခါ ထိုအစေအပါးက “အကျွန်ုပ်ကို အကျွန်ုပ်သခင်ထံသို့ ပြန်ခွင့်ပြုပါ”ဟု ဆိုလေ၏။
သူတို့ကလည်း “မိန်းကလေးကိုခေါ်၍ သူ့ဆန္ဒကို မေးကြည့်ကြစို့”ဟု ဆိုပြီးလျှင်
ရာခေလသည် ယောသပ်ကိုမွေးဖွားပြီးနောက် ယာကုပ်က လာဗန်အား “အကျွန်ုပ်၏နေရပ်၊ အကျွန်ုပ်၏ပြည်သို့ပြန်သွားနိုင်ရန် အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။
ဝေးလံသောပြည်မှ ရောက်လာသောသတင်းကောင်းသည် မောပန်းသောစိတ်ဝိညာဉ်အတွက် အေးမြသောရေကဲ့သို့ဖြစ်၏။
ငါကိုယ်တော်တိုင် မိန့်မြွက်ပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ သူ့ကို ငါဆောင်ခဲ့ပြီ။ သူသွားရာလမ်းသည် အောင်မြင်လိမ့်မည်။
ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။