အမျိုးသမီးများရေခပ်ဆင်းချိန်ဖြစ်သည့် နေဝင်ချိန်၌ သူသည် မြို့ပြင်ရှိရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်
ကမ္ဘာဦး 24:42 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ယနေ့ စမ်းရေတွင်းသို့ရောက်သောအခါ ‘အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာသောခရီးစဉ်အောင်မြင်စေရန် ကိုယ်တော်အလိုရှိလျှင် Common Language Bible ``ကျွန်ုပ်သည်ရေတွင်းသို့ယနေ့ရောက်ရှိသော အခါ`အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ပြုလုပ်ရ မည့်အမှုကိစ္စကိုအောင်မြင်စေတော်မူပါ။- Garrad Bible သို့ နှင့် အ ညီ ကျွန် တော် သည် ယ နေ့ စမ်း ရေ တွင်း သို့ ရောက် ပြီး လျှင် အ ကျွန်ုပ် သ ခင် အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား၊ သွား ရ သော ခ ရီး ကိ စ္စ ကို အ ထ မြောက် စေ တော် မူ ပါ လျှင်၊ Judson Bible ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသောအမှုကို ယခုပြုစုတော်မူလျှင်၊ |
အမျိုးသမီးများရေခပ်ဆင်းချိန်ဖြစ်သည့် နေဝင်ချိန်၌ သူသည် မြို့ပြင်ရှိရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်
“အကျွန်ုပ်သခင်အာဗြဟံထံမှ မေတ္တာကရုဏာတော်နှင့်သစ္စာတော်ကို ရုပ်သိမ်းတော်မမူသော အကျွန်ုပ်သခင်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကျွန်ုပ်သခင်၏ဆွေမျိုးသားချင်းအိမ်သို့ သွားသောလမ်းခရီး၌ ထာဝရဘုရားသည် အကျွန်ုပ်ကို ပို့ဆောင်တော်မူပြီ”ဟု ဆိုလေ၏။
လာဗန်က “ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ဝင်လာပါ။ အဘယ်ကြောင့် အပြင်၌ရပ်နေသနည်း။ အကျွန်ုပ်သည် အိမ်ကိုလည်းကောင်း၊ ကုလားအုတ်တို့အတွက် နေရာကိုလည်းကောင်း ပြင်ဆင်ထားပါပြီ”ဟု ဆို၏။
ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူကြောင်းကိုလည်းကောင်း၊ သူပြုလေရာရာ၌ ထာဝရဘုရားအောင်မြင်စေတော်မူကြောင်းကိုလည်းကောင်း သူ၏သခင်သည် သိမြင်လေ၏။
လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
သင်ပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားထံအပ်နှံ၍ ကိုယ်တော်ကို ယုံကြည်ကိုးစားလော့။ သို့ပြုလျှင် ကိုယ်တော်စီရင်ဆောင်ရွက်တော်မူလိမ့်မည်။
အကျွန်ုပ်၏အရှင် ဘုရားသခင်၏ ကျေးဇူးပြုတော်မူခြင်းသည် အကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော။ အကျွန်ုပ်တို့၏လက်ဖြင့်ပြုသောအမှုတို့ကို အကျွန်ုပ်တို့အတွက် မြဲမြံစေတော်မူပါ။ ဟုတ်ပါ၏။ အကျွန်ုပ်တို့၏လက်ဖြင့် ပြုသောအမှုတို့ကို မြဲမြံစေတော်မူပါ။
သူတို့ကလည်း “ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ပြီး ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသောတပ်မှူးကော်နေလိသည် သင့်ကို မိမိအိမ်သို့ခေါ်ဖိတ်၍ သင့်ထံမှ တရားစကားကိုနားထောင်ရန် သန့်ရှင်းသောကောင်းကင်တမန်၏ဗျာဒိတ်တော်ကို ခံရပါသည်”ဟု ဆိုကြ၏။
ဟန္နသည် စိတ်ထဲ၌ဆုတောင်းနေသောကြောင့် နှုတ်ခမ်းသာလှုပ်ပြီး အသံမထွက်။ ထို့ကြောင့် ဧလိက ဟန္န ယစ်မူးနေသည်ဟု ထင်၍
ငယ်သားကလည်း “ကြည့်ပါ။ ဤမြို့တွင် ဘုရားသခင်၏လူတစ်ဦးရှိ၏။ သူသည် လူအများရိုသေလေးစားခြင်းကို ခံရသူဖြစ်၏။ သူပြောသမျှစကားတို့သည်လည်း အလုံးစုံဖြစ်လာတတ်၏။ ယခု သူ့ထံသို့သွားကြစို့။ အကျွန်ုပ်တို့သွားရမည့်လမ်းကို သူညွှန်ပြကောင်းညွှန်ပြလိမ့်မည်”ဟု ဆို၏။