“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
ကမ္ဘာဦး 24:31 - မြန်မာ့စံမီသမ္မာကျမ်း လာဗန်က “ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ဝင်လာပါ။ အဘယ်ကြောင့် အပြင်၌ရပ်နေသနည်း။ အကျွန်ုပ်သည် အိမ်ကိုလည်းကောင်း၊ ကုလားအုတ်တို့အတွက် နေရာကိုလည်းကောင်း ပြင်ဆင်ထားပါပြီ”ဟု ဆို၏။ Common Language Bible ``ထာဝရဘုရားထံမှကောင်းချီးမင်္ဂလာခံ ရသောသူ၊ ကျွန်ုပ်၏အိမ်သို့ကြွပါ။ ဤနေရာ တွင်အဘယ်ကြောင့်ရပ်နေပါသနည်း။ ကျွန်ုပ် ၏အိမ်တွင်သင်တည်းခိုရန်အခန်းကိုအသင့် ပြင်ပြီးပါပြီ။ သင်၏ကုလားအုတ်များနေ စရာလည်းရှိပါသည်'' ဟုခေါ်ဖိတ်လေသည်။ Garrad Bible ထာ ဝ ရ ဘု ရား၏ ကောင်း ကြီး မင်္ဂ လာ တော် ကို ခံ ရ သူ၊ ပြင်၌ အ ဘယ် ကြောင့် ရပ် နေ သ နည်း။ ၀င် ပါ လော့။ အိမ် ကို လည်း ကောင်း၊ ကု လား အုပ် များ ထား ရန် နေ ရာ ကို လည်း ကောင်း၊ ရှင်း လင်း ထား ပါ ပြီ ဟု ဆို လျက်၊ Judson Bible ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကိုလည်းကောင်း၊ ကုလားအုတ်များနေရာအရပ်ကိုလည်းကောင်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊ |
“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
“အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။
သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။
သူသည် သူ့ညီမထံမှ နှာဆွဲကိုလည်းကောင်း၊ လက်မှလက်ကောက်တို့ကိုလည်းကောင်း မြင်၍ “ထိုသူသည် ကျွန်မကို ဤသို့ပြောပါသည်”ဟု ဆိုသောမိမိညီမရေဗက္ကာ၏စကားကိုကြားသည်နှင့် ထိုသူရှိရာသို့သွားလေ၏။ ထိုသူသည် စမ်းရေတွင်းနားရှိ ကုလားအုတ်တို့အနီးတွင် ရပ်နေ၏။
ထို့ကြောင့် ငါတို့သည် သင့်ကိုမထိ၊ သင့်အပေါ်ကောင်းမြတ်သောအရာကိုသာပြုပြီး သင့်ကိုငြိမ်းချမ်းစွာလွှတ်လိုက်သကဲ့သို့ သင်သည်လည်း ငါတို့ကိုဘေးအန္တရာယ်မပြုနှင့်။ အကယ်စင်စစ် သင်သည် ထာဝရဘုရား၏ကောင်းချီးကိုခံရသောသူဖြစ်၏”ဟု ဆိုကြ၏။
လာဗန်သည် မိမိတူ ယာကုပ်အကြောင်းကိုကြားရသောအခါ သူနှင့်တွေ့ဆုံရန် ပြေးလာကာ သူ့ကိုပွေ့ဖက်၍နမ်းပြီးလျှင် မိမိအိမ်သို့ခေါ်သွား၏။ ယာကုပ်သည်လည်း အကြောင်းအရာအားလုံးကို လာဗန်အားပြောပြလေ၏။
သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရပါစေသော။
တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍ မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။
လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍ ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
ဗောဇကလည်း “ငါ့သမီး၊ ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ဆင်းရဲသောလူပျို၊ ချမ်းသာသောလူပျိုတို့နောက်သို့ မလိုက်။ ယခု သင်ပြသောမေတ္တာကရုဏာသည် ယခင် ပြခဲ့သည်ထက် သာ၍မြတ်၏။