ကမ္ဘာဦး 23:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အာဗြဟံသည် မိမိမယား၏အလောင်းနားမှထ၍ ဟေသအမျိုးသားတို့အား Common Language Bible အာဗြဟံသည်အလောင်းရှိရာမှထ၍ဟိတ္တိအမျိုးသားတို့ထံသို့သွားပြီးလျှင်၊- Garrad Bible အာ ဗြ ဟံ သည် မ ယား အ လောင်း မှ ထ၍ ဟေ သ အ မျိုး သား တို့ အား၊ Judson Bible အာဗြဟံသည် မိမိမယားအသေကောင်ရှေ့ကထ၍၊ ဟေသအမျိုးသားတို့အား၊ |
ထိုအခါ အာဗြဟံသည်ထ၍ ထိုပြည်သားများဖြစ်ကြသည့် ဟေသအမျိုးသားတို့ရှေ့တွင် ပျပ်ဝပ်ကာ
ထိုလယ်သည် ဟေသအမျိုးသားတို့ထံမှ အာဗြဟံဝယ်ယူထားသောလယ်ဖြစ်၏။ အာဗြဟံကို သူ၏မယားစာရာနှင့်အတူ ထိုအရပ်တွင် သင်္ဂြိုဟ်ကြလေ၏။
ထို့နောက် ရေဗက္ကာက ဣဇက်အား “အကျွန်ုပ်သည် ဟေသအမျိုးသမီးတို့ကြောင့် အသက်ရှင်ရသည်ကိုပင် ငြီးငွေ့ပါပြီ။ ဤပြည်ရှိအမျိုးသမီးကဲ့သို့သော ဟေသအမျိုးသမီးတို့နှင့် ယာကုပ်အိမ်ထောင်ပြုမည်ဆိုလျှင် အကျွန်ုပ်အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
ထိုလိုဏ်ဂူသည် ခါနာန်ပြည်၊ မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိ၏။ အာဗြဟံသည် ထိုလယ်ကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဟိတ္တိလူမျိုးဧဖရုန်ထံမှ ဝယ်ယူခဲ့၏။
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။