မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့တွင် အာဗြဟံပိုင်သောဥစ္စာအဖြစ် အတည်ပြုကြ၏။
ကမ္ဘာဦး 23:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန် ခေါ် မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိသောလိုဏ်ဂူထဲ၌ မိမိမယားစာရာကို သင်္ဂြိုဟ်လေ၏။ Common Language Bible ထိုနောက်အာဗြဟံသည်သူ၏မယားစာရာအလောင်းကိုခါနာန်ပြည်ရှိထိုဂူတွင်သင်္ဂြိုဟ်လေသည်။- Garrad Bible ထို နောက် အာ ဗြ ဟံ သည် ခါ နာန် ပြည်၊ ဟေ ဗြုန်၊ တ နည်း မံ ရေ မြို့ ရှေ့၊ မ ပ္ပေ လ မြွေ ကွက် ရှိ ဂူ တွင် မ ယား စာ ရာ့ အ လောင်း ကို သင်္ဂြိုဟ် လေ ၏။ Judson Bible ထိုနောက်မှအာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ်ဖြစ်သတည်း။ |
မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့တွင် အာဗြဟံပိုင်သောဥစ္စာအဖြစ် အတည်ပြုကြ၏။
ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ငါသည် ငါ၏ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သောအခါ သင်သည် ငါ့ကိုအီဂျစ်ပြည်မှဆောင်သွား၍ ငါ့ဘိုးဘေးတို့၏သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်”ဟု ဆို၏။ ယောသပ်ကလည်း “အဖေ့စကားအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။
ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ သင်တို့သည် ငါ့အရိုးတို့ကို ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် အစ္စရေးအမျိုးသားတို့အား ကျိန်ဆိုစေ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။