Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 23:19 - Common Language Bible

19 ထို​နောက်​အာ​ဗြ​ဟံ​သည်​သူ​၏​မ​ယား​စာ​ရာ​အ​လောင်း​ကို​ခါ​နာန်​ပြည်​ရှိ​ထို​ဂူ​တွင်​သင်္ဂြိုဟ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို နောက် အာ ဗြ ဟံ သည် ခါ နာန် ပြည်၊ ဟေ ဗြုန်၊ တ နည်း မံ ရေ မြို့ ရှေ့၊ မ ပ္ပေ လ မြွေ ကွက် ရှိ ဂူ တွင် မ ယား စာ ရာ့ အ လောင်း ကို သင်္ဂြိုဟ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​နောက်​မှ​အာ​ဗြ​ဟံ​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​လယ်​ပြင်​မြေ​တွင်း၌ မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ရ​လေ၏။ ထို​အရပ်​ကား၊ ခါ​နာန်​ပြည် ဟေ​ဗြုန်​အ​ရပ်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို့နောက်တွင် အာဗြဟံ​သည် ခါနာန်​ပြည်​၊ ဟေဗြုန် ခေါ် မံရေ​မြို့​အရှေ့​၊ မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​ထဲ၌ မိမိ​မယား​စာရာ​ကို သင်္ဂြိုဟ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 23:19
14 ပူးပေါင်းရင်းမြစ်များ  

ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။


ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။


လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။


သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။


ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​ထို ပြည်​သို့​ပို့​ဆောင်​သော​အ​ခါ ငါ​၏​အ​ရိုး တို့​ကို​သင်​တို့​နှင့်​အ​တူ​ဆောင်​သွား​ပါ​မည် ဟု​ငါ့​အား​က​တိ​ပေး​ပါ​လော့'' ဟု​ဆို လျက်​ကျိန်​ဆို​က​တိ​ပေး​စေ​၏။-


ဖ​ခင်​၏​အ​လောင်း​ကို​ခါ​နာန်​ပြည်​သို့​ယူ ဆောင်​ခဲ့​ပြီး​လျှင် ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန် ထံ​မှ​သင်္ချိုင်း​မြေ​အ​ဖြစ်​အာ​ဗြ​ဟံ​ဝယ်​ယူ ထား​သော မံ​ရေ​မြို့​အ​ရှေ့​မပ္ပေလ​မြေ​ကွက်​၌ ရှိ​သည့်​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-


အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။


သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။


ထို​အ​စည်း​အ​ဝေး​တွင်​ရှိ​ကြ​သော​ဟိတ္တိ​အ​မျိုး​သား​အ​ပေါင်း​တို့​က​ထို​မြေ​ကွက်​ကို​အာ​ဗြ​ဟံ​၏​ပိုင်​မြေ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ​၏။


သို့​ဖြစ်​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ပိုင်​သော​မြေ​ကွက်​နှင့်​ဂူ​သည်​အာ​ဗြ​ဟံ​ပိုင်​သင်္ချိုင်း​မြေ​ဖြစ်​လာ​လေ​သည်။


သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ