အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
အာ ဗြ ဟံ သည် နံ နက် အ ချိန် ထ၍ မြည်း ကို က တင် ပြီး လျှင် သား ဣ ဇာက် နှင့် လူ ငယ် နှစ် ယောက် တို့ ကို ခေါ် လျှက် ပူ ဇော် သက္ကာ ရှို့ ရန် ထင်း ကို ခွဲ ပြီး မှ ဘု ရား သ ခင် မိန့် တော် မူ သော အ ရပ် သို့ ထွက် သွား လေ ၏။
အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက်ကိုခေါ်၍၊ ယဇ်ရှို့စရာထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ထသွားလေ၏။
ထိုအခါ အာဗြဟံသည် မိမိသားဣရှမေလမှစ၍ မိမိအိမ်၌မွေးဖွားသောသူများ၊ မိမိငွေဖြင့်ဝယ်ထားသောသူများစသည့် အာဗြဟံ၏အိမ်သူအိမ်သားများထဲမှ ယောက်ျားအားလုံးကိုခေါ်၍ မိမိအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ထိုနေ့၌ပင် သူတို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းမင်္ဂလာကို ပေးလေ၏။
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ကိုယ်တော်ကလည်း “သင်၏သား၊ သင်ချစ်သော သင်၏တစ်ဦးတည်းသောသား ဣဇက်ကိုခေါ်၍ မောရိပြည်သို့သွားလော့။ ထိုအရပ်၌ သင့်အားငါပြမည့်တောင်တစ်လုံးပေါ်တွင် သူ့ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လော့”ဟု မိန့်တော်မူ၏။
သုံးရက်မြောက်သောနေ့၌ အာဗြဟံသည် မျှော်ကြည့်ရာ ထိုအရပ်ကို အဝေးမှမြင်လေ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းရန် တုံ့ဆိုင်းမနေဘဲ အလျင်အမြန်လုပ်ဆောင်ပါ၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။
အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။
ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
ယောရှုသည် နံနက်စောစောထ၍ စစ်သည်တို့ကိုစုစည်းပြီး အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့နှင့်အတူ စစ်သည်တို့ရှေ့မှနေ၍ အာဣမြို့သို့ ချီတက်လေ၏။