Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 22:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သုံး​ရက်​မြောက်​သော​နေ့​၌ အာဗြဟံ​သည် မျှော်ကြည့်​ရာ ထို​အရပ်​ကို အဝေး​မှ​မြင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 တ​တိ​ယ​နေ့​သို့​ရောက်​သော်​အာ​ဗြ​ဟံ​သည် ထို​အ​ရပ်​ကို​အ​ဝေး​မှ​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သုံး ရက် မြောက် သော နေ့ တွင် အာ ဗြ ဟံ မျှော် ကြည့်၍ ထို အ ရပ် ကို အ ဝေး မှ မြင် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သုံး​ရက်​မြောက်​သော​နေ့​၌ မျှော်​ကြည့်၍၊ ထို​အ​ရပ်​ကို​အ​ဝေး​က​မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 22:4
19 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​သည် နံနက်​စောစောထ​၍ မြည်း​ပေါ်​ကုန်းနှီးတင်​ပြီးလျှင် သူ​၏​ငယ်သား​နှစ်​ယောက်​နှင့်​သူ​၏​သား​ဣဇက်​ကို မိမိ​နှင့်အတူ​ခေါ်​၍ မီးရှို့ရာယဇ်​အတွက်​ထင်း​ကို​ခွဲ​ပြီးမှ ထ​၍ မိမိ​အား​ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့ သွား​လေ​၏​။


ထိုအခါ အာဗြဟံ​က မိမိ​ငယ်သား​တို့​အား “​သင်​တို့​သည် ဤ​အရပ်​တွင် မြည်း​နှင့်အတူ​နေ​ခဲ့​ကြ​လော့​။ ငါ​နှင့်​သူငယ်​သည် ထို​အရပ်​သို့​သွား​၍ ရှိခိုးကိုးကွယ်​ခြင်း​ကို​ပြု​ပြီးမှ သင်​တို့​ထံသို့​ပြန်လာ​မည်​”​ဟု ဆို​၏​။


“​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။


ထို့နောက် သုံး​ရက်​မြောက်​နေ့​တွင် ဧသတာ​သည် နန်းဝတ်နန်းစား​ကို​ဝတ်ဆင်​၍ ဘုရင့်​ခန်းမဆောင်​နှင့်​မျက်နှာချင်းဆိုင် နန်းတွင်း​ဆောင်​တွင် ရပ်​နေ​၏​။ ရှင်ဘုရင်​သည်​လည်း ဘုရင့်​ခန်းမဆောင်​အဝင်ဝ​သို့​မျက်နှာမူ​လျက် ခန်းမ​တွင်း​ရှိ​ရာဇ​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​၏​။


ထို့နောက် မောရှေ​သည် အစ္စရေး​လူမျိုး​တို့​ကို ပင်လယ်နီ​မှ ဆောင်သွား​သဖြင့် ရှုရ​တောကန္တာရ​သို့​ရောက်​ကြ​၏​။ သူ​တို့​သည် တောကန္တာရ​ထဲ၌ သုံး​ရက်​ပတ်လုံး​လျှောက်သွား​၍ ရေ​ကို​မ​တွေ့​ရ​ကြ​။


သူ​တို့​သည် တတိယ​နေ့​၌ အဆင်သင့်​ရှိ​နေ​ရ​မည်​။ အကြောင်းမူကား တတိယ​နေ့​၌ ထာဝရဘုရား​သည် လူ​အပေါင်း​တို့​၏​မျက်မှောက်​၊ သိနာ​တောင်​ပေါ်သို့ ကြွဆင်း​တော်မူ​မည်​။


မောရှေ​က လူ​တို့​အား “​တတိယ​နေ့​၌ အသင့်ပြင်ဆင်​ထား​ကြ​လော့​။ မိန်းမ​ကို​မ​ချဉ်းကပ်​ကြ​နှင့်​”​ဟု ဆို​လေ​၏​။


ထိုအခါ သူ​တို့​က “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​။ သို့မဟုတ်လျှင် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကပ်ရောဂါ​ဘေး​၊ သို့မဟုတ် ဓားဘေး​ဖြင့် ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။


နှစ်​ရက်​လွန်​ပြီးနောက် ငါ​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​တွင် ငါ​တို့​ကို ပြန်လည်​ထမြောက်​စေ​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော့်​ရှေ့​တော်​တွင် အသက်ရှင်​ခွင့်​ရ​ကြ​လိမ့်မည်​။


သုံး​ရက်​မြောက်​သော​နေ့​၌ ထို​ယဇ်ကောင်​၏​ကျန်​သော​အသား​ကို မီး​ရှို့​ပစ်​ရ​မည်​။


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​တောင်​တော်​မှ သုံး​ရက်​ခရီးပြု​ကြ​၏​။ ထို​သုံး​ရက်​ခရီး​တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နားနေ​ရာ​အရပ်​ကို​ရှာ​ရန် သူ​တို့​၏​ရှေ့​မှ​သွား​လေ​၏​။


သူ​သည် သုံး​ရက်​မြောက်​နေ့​၌ စင်ကြယ်​စေ​ခြင်း​ရေ​ဖြင့် မိမိကိုယ်မိမိ သန့်စင်​စေ​ပြီး ခုနစ်​ရက်​မြောက်​နေ့​၌ သူ​သည် စင်ကြယ်​လိမ့်မည်​။ သုံး​ရက်​မြောက်​နေ့​၌ မိမိကိုယ်မိမိ မ​သန့်စင်​စေ​လျှင် ခုနစ်​ရက်​မြောက်​နေ့​၌ သူ​သည် စင်ကြယ်​မည်​မ​ဟုတ်​။


စင်ကြယ်​သော​သူ​သည် ထို​ရေ​ဖြင့် မစင်ကြယ်​သော​သူ​အား တတိယ​နေ့​၊ သတ္တမ​နေ့​တို့​၌ ဖျန်း​ရ​မည်​။ သတ္တမ​နေ့​၌ မစင်ကြယ်​သော​သူ​သည် မိမိကိုယ်မိမိ သန့်စင်​စေ​ရ​မည်​။ မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​ရောက်​လျှင် စင်ကြယ်​လိမ့်မည်​။


သင်​တို့​မူကား ခုနစ်​ရက်​ပတ်လုံး တပ်စခန်း​အပြင်ဘက်​၌ နေ​ရ​မည်​။ လူ​ကို​သတ်​ခဲ့​သော​သူ​၊ လူအသေကောင်​ကို​ထိ​သော​သူ မည်သူမဆို တတိယ​နေ့​၊ သတ္တမ​နေ့​၌ သုံ့ပန်း​များ​နှင့်အတူ မိမိကိုယ်မိမိ သန့်စင်​စေ​ရ​မည်​။


လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​ရာ တပည့်​တော်​တို့​သည် အလွန်​ဝမ်းနည်း​ကြ​၏။


ကိုယ်တော်​က​လည်း“သွား​၍ ထို​မြေခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယနေ့​နှင့်​မနက်ဖြန် နတ်ဆိုး​တို့​ကို​နှင်ထုတ်​၍ အနာရောဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အမှု​ကို​ပြီးမြောက်​စေ​မည်။


ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့်


“​တပ်စခန်း​တစ်လျှောက်လုံး​သို့ သွား​၍ လူ​တို့​အား ‘​သုံး​ရက်​အတွင်း​တွင် ဂျော်ဒန်​မြစ်​ကို ကူး​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား အပိုင်​ပေး​တော်မူ​သော​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရ​မည်​ဖြစ်​သောကြောင့် စားနပ်ရိက္ခာ အသင့်ပြင်ဆင်​ကြ​လော့​’​ဟူ၍ ပြောကြား​လော့​”​ဟု မှာကြား​လေ​၏​။


ဒါဝိဒ်​သည် လွင်ပြင်​ကျယ်ကြီး​၏​အခြား​တစ်ဖက်​သို့ ကူးသွား​ပြီး အဝေး​ရှိ​တောင်ကုန်း​၏​ထိပ်​တွင် ရပ်​နေ​ပြီးလျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ