ကိုယ်တော်ကလည်း “သင်၏သား၊ သင်ချစ်သော သင်၏တစ်ဦးတည်းသောသား ဣဇက်ကိုခေါ်၍ မောရိပြည်သို့သွားလော့။ ထိုအရပ်၌ သင့်အားငါပြမည့်တောင်တစ်လုံးပေါ်တွင် သူ့ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လော့”ဟု မိန့်တော်မူ၏။
ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
သင် သည် ဧ က ပု တ္တ ချစ် သား ဣ ဇာက် ကို မော ရိ ပြည် သို့ ခေါ် သွား ပြီး လျှင်၊ ငါ ပြ လ တ္တံ့ သော တောင် တစ် တောင် ပေါ် တွင် မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊
သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍၊ မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
ဘုရားသခင်ကလည်း “မှန်ပေ၏။ သို့သော် သင်၏မယားစာရာသည် သင့်အတွက် သားကိုမွေးဖွားလိမ့်မည်။ သင်သည် သူ၏အမည်ကို ဣဇက်ဟု မှည့်ခေါ်ရမည်။ ငါသည် ငါ၏ပဋိညာဉ်ကို သူ၌တည်စေ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်တို့အတွက် ထာဝရပဋိညာဉ်ဖြစ်စေမည်။
သို့ရာတွင် ဘုရားသခင်က အာဗြဟံအား “ထိုသူငယ်နှင့်ပတ်သက်၍လည်းကောင်း၊ သင်၏ကျွန်မနှင့်ပတ်သက်၍လည်းကောင်း စိတ်ဒုက္ခမဖြစ်နှင့်။ သင့်အား စာရာပြောသမျှသောစကားကို နားထောင်လော့။ အကြောင်းမူကား ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
အာဗြဟံသည်လည်း မွေးဖွားလာသောသားဖြစ်သည့် မိမိအတွက်စာရာမွေးဖွားပေးသောသား၏အမည်ကို ဣဇက် ဟုမှည့်ခေါ်လေ၏။
ကောင်းကင်တမန်ကလည်း “သူငယ်အပေါ် လက်မရောက်စေနှင့်။ သူ့ကို ဘာမျှမပြုနှင့်။ အကြောင်းမူကား သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် သင်သည် ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း ယခု ငါသိပြီ”ဟု မြွက်ဆို၏။
“ထာဝရဘုရား၏မိန့်တော်မူချက်မှာ ဤသို့တည်း။ သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ပူဇော်ရန်မငြင်းဆိုဘဲ ဤအမှုကိုပြုခဲ့သဖြင့် ငါသည် ကိုယ့်ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုသည်ကား
အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။
နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
ထိုအခါ မိမိအရိုက်အရာကိုဆက်ခံမည့်သားဦးအား ယူ၍ မြို့ရိုးပေါ်တွင် ယဇ်ပူဇော်လေ၏။ အစ္စရေးလူမျိုးတို့သည် အမျက်ဒဏ်ကြီးစွာခံရသဖြင့် တပ်ကိုဆုတ်ခွာပြီး မိမိတို့ပြည်သို့ ပြန်သွားကြလေ၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။
ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို နှစ်သက်တော်မူမည်လော။ ငါကျူးလွန်သောအပြစ်အတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ထဲ၌ ပြုသောအပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။
အမ္မုန်အမျိုးသားတို့ကို အောင်နိုင်၍ ပြန်လာသောအခါ အကျွန်ုပ်အား အိမ်တံခါးဝမှထွက်ကြိုသောသူကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်အဖြစ် ပူဇော်ပါမည်”ဟု ထာဝရဘုရားထံ ကတိသစ္စာပြုလေ၏။
နှစ်လပြည့်သောအခါ သူသည် ဖခင်ထံပြန်လာ၏။ ဖခင်သည်လည်း မိမိကတိသစ္စာပြုသည့်အတိုင်း သမီး၌ ပြုလေ၏။ သူသည် ယောက်ျားနှင့်မဆက်ဆံဖူးသောအပျိုစင်ဖြစ်၏။ ဤသို့ဖြင့် အစ္စရေးလူမျိုးတို့တွင် ဓလေ့တစ်ခုဖြစ်လာလေ၏။