ထာဝရဘုရား၏ကောင်းကင်တမန်သည် တောကန္တာရ၌ရှိသည့် စမ်းရေတွင်းတည်းဟူသော ရှုရအရပ်သို့သွားသောလမ်း၌ရှိသည့် စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့၍
ကမ္ဘာဦး 22:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အာဗြဟံ၊ အာဗြဟံ”ဟု ကောင်းကင်မှခေါ်လျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။ Common Language Bible ထိုအခိုက်တွင်ထာဝရဘုရား၏ကောင်းကင်တမန် သည်``အာဗြဟံ၊ အာဗြဟံ'' ဟုကောင်းကင်မှ ခေါ်လေ၏။ အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင်ဘုရား'' ဟုထူးလေ၏။ Garrad Bible ထို အ ခါ ထာ ဝ ဘု ရား၏ စေ တ မန် တော် က အာ ဗြ ဟံ၊ အာ ဗြ ဟံ ဟု ကောင်း ကင် မှ ခေါ် လျှင် အ ကျွန်ုပ် ရှိ ပါ သည် ဟု လျှောက် သော်၊ Judson Bible ထိုအခါ၊ ထာဝရဘုရား၏ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်ကခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် တောကန္တာရ၌ရှိသည့် စမ်းရေတွင်းတည်းဟူသော ရှုရအရပ်သို့သွားသောလမ်း၌ရှိသည့် စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့၍
ဘုရားသခင်သည် သူငယ်၏အသံကို ကြားတော်မူ၏။ ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ကောင်းကင်မှနေ၍ ဟာဂရကိုခေါ်ပြီးလျှင် “ဟာဂရ၊ သင်ဘာဖြစ်သနည်း။ မကြောက်နှင့်။ အကြောင်းမူကား သူငယ်ရှိသည့်နေရာမှ သူငယ်၏အသံကို ဘုရားသခင်ကြားတော်မူပြီ။
ထလော့။ သူငယ်ကိုထူမ၍ သူ့ကို သင်၏လက်ဖြင့်ကိုင်ထားလော့။ အကြောင်းမူကား ငါသည် သူ့ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်”ဟု မြွက်ဆို၏။
ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ကောင်းကင်တမန်ကလည်း “သူငယ်အပေါ် လက်မရောက်စေနှင့်။ သူ့ကို ဘာမျှမပြုနှင့်။ အကြောင်းမူကား သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် သင်သည် ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း ယခု ငါသိပြီ”ဟု မြွက်ဆို၏။
“ထာဝရဘုရား၏မိန့်တော်မူချက်မှာ ဤသို့တည်း။ သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ပူဇော်ရန်မငြင်းဆိုဘဲ ဤအမှုကိုပြုခဲ့သဖြင့် ငါသည် ကိုယ့်ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုသည်ကား
ငါ့ဖခင်၏အိမ်၊ ငါ့မွေးရပ်မြေမှ ငါ့ကိုခေါ်ယူ၍ ‘ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ကျိန်ဆိုကတိပေးတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူမည်ဖြစ်၍ သင်သည် ငါ့သားအတွက် ထိုအရပ်မှ မိန်းမကိုရှာရမည်။
ဘုရားသခင်၏ကောင်းကင်တမန်က ‘ယာကုပ်’ဟု အိပ်မက်ထဲတွင် ငါ့ကိုခေါ်သဖြင့် ‘အကျွန်ုပ်ရှိပါ၏’ဟု ငါပြန်လျှောက်၏။
အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။
ဘုရားသခင်သည် ညအချိန်၌ စိတ်အာရုံဖြင့် အစ္စရေးအား “ယာကုပ်၊ ယာကုပ်”ဟု ခေါ်လျှင် ယာကုပ်က “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မောရှေအား ချုံပုတ်အလယ် မီးလျှံထဲမှ ကိုယ်ထင်ရှားပြလေ၏။ မောရှေကြည့်လိုက်သောအခါ ချုံပုတ်သည် မီးတောက်လောင်နေသော်လည်း ကျွမ်းသွားခြင်းမရှိသည်ကို မြင်လျှင်
ချုံပုတ်ကိုကြည့်ရန် မောရှေသွားသည်ကို ထာဝရဘုရားမြင်တော်မူ၏။ ဘုရားသခင်က “မောရှေ၊ မောရှေ”ဟု ချုံပုတ်ထဲမှခေါ်လျှင် မောရှေက “အကျွန်ုပ်ရှိပါသည်”ဟု ထူးလေ၏။
ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားရာ ဟေဗြဲဘာသာစကားဖြင့်‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း။ တုတ်ချွန်ကိုကန်ရန် သင့်အတွက်ခက်၏’ဟု အကျွန်ုပ်အားပြောသောအသံကို အကျွန်ုပ်ကြားရပါသည်။
သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့တက်လာ၍ “ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီး သင်တို့ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်သို့ သင်တို့ကိုပို့ဆောင်ခဲ့၏။ ‘သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါချိုးဖောက်မည်မဟုတ်။
ထာဝရဘုရားသည် ကြွလာ၍ရပ်တော်မူလျက် “ရှမွေလ၊ ရှမွေလ”ဟု ယခင်ကကဲ့သို့ ခေါ်တော်မူလျှင် ရှမွေလက “အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏အစေအပါး နာခံလျက်ရှိပါ၏”ဟု ပြန်လျှောက်လေ၏။
ထိုအခါ ထာဝရဘုရားသည် ရှမွေလကိုခေါ်တော်မူလျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလျက်