ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 22:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။ Common Language Bible ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။ Garrad Bible ထို နောက် ဘု ရား သ ခင် သည် အာ ဗြ ဟံ ကို စုံ စမ်း ခြင်း ငှါ အာ ဗြ ဟံ ဟု ခေါ် တော် မူ လျှင် အ ကျွန်ုပ် ရှိ ပါ သည် ဟု အာ ဗြ ဟံ ထူး လေ သော်၊ Judson Bible ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှာ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ထိုအမှုသည် မိမိသားနှင့်ပတ်သက်သောကြောင့် အာဗြဟံသည် အလွန်စိတ်ဒုက္ခရောက်လေ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အာဗြဟံ၊ အာဗြဟံ”ဟု ကောင်းကင်မှခေါ်လျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ ဣဇက်က “အဖေ”ဟု မိမိဖခင်အာဗြဟံကိုခေါ်လျှင် အာဗြဟံက “ပြောပါ ငါ့သား”ဟု ပြန်ပြောလေ၏။ ဣဇက်ကလည်း “ကြည့်ပါ။ မီးရှိ၏။ ထင်းလည်းရှိ၏။ မီးရှို့ရာယဇ်အတွက် သိုးသငယ်ကား အဘယ်မှာရှိသနည်း”ဟု မေးလေ၏။
အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။
ဘုရားသခင်သည် ညအချိန်၌ စိတ်အာရုံဖြင့် အစ္စရေးအား “ယာကုပ်၊ ယာကုပ်”ဟု ခေါ်လျှင် ယာကုပ်က “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၏။ သို့သော် ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဆိုးယုတ်သောသူနှင့် ရက်စက်ကြမ်းကြုတ်မှုကိုနှစ်သက်သောသူအား မုန်းတော်မူ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါသည် သင်တို့အတွက် မုန့်ကို မိုးကောင်းကင်မှရွာကျစေမည်။ လူတို့သည် ထွက်၍ တစ်နေ့စာတစ်နေ့ကောက်ယူကြရမည်။ ဤသို့သောအားဖြင့် ငါ၏တရားတော်အတိုင်း သူတို့လိုက်လျှောက်မည်၊ မလိုက်လျှောက်မည်ကို ငါစမ်းသပ်မည်။
ချုံပုတ်ကိုကြည့်ရန် မောရှေသွားသည်ကို ထာဝရဘုရားမြင်တော်မူ၏။ ဘုရားသခင်က “မောရှေ၊ မောရှေ”ဟု ချုံပုတ်ထဲမှခေါ်လျှင် မောရှေက “အကျွန်ုပ်ရှိပါသည်”ဟု ထူးလေ၏။
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ သူ၏စကားတို့ကို နားမထောင်နှင့်။ အကြောင်းမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်သည်၊ မချစ်သည်ကိုသိရှိတော်မူရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို စမ်းသပ်တော်မူ၏။
သင့်ဘိုးဘေးတို့မသိသောမန္နမုန့်ဖြင့် တောကန္တာရ၌ သင့်ကိုကျွေးမွေးတော်မူသောအရှင်၊ နောက်ဆုံး၌ သင့်ကိုကောင်းစားစေမည့်အကြောင်း သင့်ကိုနှိမ့်ချခြင်းဖြင့် စမ်းသပ်တော်မူခဲ့သောအရှင်ဖြစ်တော်မူသည့် သင်၏ဘုရားသခင်ထာဝရဘုရားကို သင်မေ့လျော့လိမ့်မည်။
ဤအနှစ်လေးဆယ်ပတ်လုံး တောကန္တာရတွင် ပို့ဆောင်တော်မူခဲ့သည့် လမ်းခရီးတစ်လျှောက်ကို သင်တို့အောက်မေ့ရမည်။ ဤသည်မှာ ပညတ်တော်များကို သင်တို့စောင့်ထိန်းလိုစိတ်ရှိ၊ မရှိ သိမည့်အကြောင်းသင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှိမ့်ချတော်မူ၍ စမ်းသပ်တော်မူခဲ့ခြင်းဖြစ်၏။
အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။
ငါတို့အဖအာဗြဟံသည် မိမိသားဣဇက်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်သောအခါ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
အစ္စရေးလူမျိုးတို့သည် ဘိုးဘေးတို့ကဲ့သို့ ထာဝရဘုရား၏လမ်းတော်အတိုင်း လိုက်လျှောက်မည်၊ မလိုက်လျှောက်မည်ကို သိရှိရန် ဤလူမျိုးခြားများဖြင့် သူတို့ကို စမ်းသပ်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားသည် ရှမွေလကိုခေါ်တော်မူလျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလျက်