သို့ရာတွင် ဘုရားသခင်က အာဗြဟံအား “ထိုသူငယ်နှင့်ပတ်သက်၍လည်းကောင်း၊ သင်၏ကျွန်မနှင့်ပတ်သက်၍လည်းကောင်း စိတ်ဒုက္ခမဖြစ်နှင့်။ သင့်အား စာရာပြောသမျှသောစကားကို နားထောင်လော့။ အကြောင်းမူကား ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
သို့ရာတွင်ဘုရားသခင်က``ထိုသူငယ်နှင့် သင်၏ကျွန်မဟာဂရအတွက်စိတ်မချမ်း မသာမဖြစ်နှင့်။ ငါကတိထားသည့်အတိုင်း ဣဇာက်မှသင်၏အမျိုးအနွယ်ဆင်းသက်မည် ဖြစ်သောကြောင့် စာရာပြောသမျှအတိုင်း ဆောင်ရွက်လော့။-
ဘု ရား သ ခင် က ထို သူ ငယ် နှင့် သင့် ကျွန် မိန်း မ အ တွက် ခက် သည် ဟု မ ထင် မြင် ဘဲ၊ စာ ရာ ပြော ဆို သ မျှ စ ကား ကို နား ထောင် လော့။ ဣ ဇာက် မှ သာ သင့် အ မျိုး အ နွယ် ဟု သ မုတ် လိမ့် မည်။
သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။
ဘုရားသခင်ကလည်း “မှန်ပေ၏။ သို့သော် သင်၏မယားစာရာသည် သင့်အတွက် သားကိုမွေးဖွားလိမ့်မည်။ သင်သည် သူ၏အမည်ကို ဣဇက်ဟု မှည့်ခေါ်ရမည်။ ငါသည် ငါ၏ပဋိညာဉ်ကို သူ၌တည်စေ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်တို့အတွက် ထာဝရပဋိညာဉ်ဖြစ်စေမည်။
သို့သော် ငါသည် နောင်နှစ် သတ်မှတ်ထားသောဤအချိန်တွင် သင့်အတွက် စာရာမွေးဖွားမည့်ဣဇက်၌ ငါ၏ပဋိညာဉ်ကိုတည်စေမည်”ဟု မိန့်တော်မူ၏။
အစအဦးကပင် အဆုံးကိုဖော်ပြသောအရှင်၊ ရှေးကာလကပင် မဖြစ်သေးသောအရာတို့ကိုဖော်ပြသောအရှင်က “ငါ့အကြံအစည်သည် တည်မည်။ ငါအလိုရှိသမျှကို ငါပြုမည်”ဟု မိန့်တော်မူ၏။
သို့ရာတွင် ကျမ်းစာက မည်သို့ဆိုထားသနည်း။ “ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သောမိန်းမ၏သားနှင့်အတူ လုံးဝအမွေဆက်ခံရမည်မဟုတ်”ဟု ဆိုထား၏။
ထိုသားနှင့်ပတ်သက်၍ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မြွက်ဆိုထား၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူတို့ပြောသမျှကို နားထောင်လော့။ သူတို့သည် သင့်ကိုသာစွန့်ပယ်သည်မဟုတ်။ ငါ့ကိုလည်း သူတို့၏ရှင်ဘုရင်အဖြစ်မှ စွန့်ပယ်ကြပြီ။
ယခု သူတို့စကားကို နားထောင်လော့။ သို့သော် သူတို့ကို အုပ်စိုးမည့်ရှင်ဘုရင်သည် သူတို့အပေါ် မည်သို့စီရင်အုပ်ချုပ်မည်ကို သူတို့အား ကြပ်ကြပ်သတိပေးပြောပြလော့”ဟု မိန့်တော်မူ၏။