ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
ကမ္ဘာဦး 2:2 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမနေ့၌ ဘုရားသခင်လုပ်ဆောင်သောအမှု ပြီးဆုံးလေ၏။ ထိုသို့ မိမိလုပ်ဆောင်သောအမှုအလုံးစုံပြီးဆုံး၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ Common Language Bible ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။- Garrad Bible သ တ္တ မ နေ့ ရက် ရောက် လျှင် ဘု ရား သ ခင် သည် ယ မန် ဖန် ဆင်း ခဲ့ သော အ မှု ကို လက် စ သတ် တော် မူ၍ အ မှု အ ရာ ရှိ သ မျှ ကို ဖန် ဆင်း ပြီး မှ ထို သ တ္တ မ နေ့ ၌ ငြိမ် ဝပ် စွာ နေ တော် မူ ၏။ Judson Bible သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ |
ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ထိုနေ့၌ ဘုရားသခင်သည် မိမိလုပ်ဆောင်သောဖန်ဆင်းခြင်းအမှု အလုံးစုံပြီးဆုံး၍ ငြိမ်ဝပ်စွာနေတော်မူ၏။
ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။
ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ထာဝရဘုရားအတွက် သန့်ရှင်းသောနေ့ဖြစ်၏။ ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်သူမဆို မုချအသတ်ခံရမည်။
ဤအမှုသည် ငါနှင့်အစ္စရေးအမျိုးသားတို့ကြား ထာဝရအမှတ်လက္ခဏာဖြစ်၏။ အကြောင်းမူကား ထာဝရဘုရားသည် ခြောက်ရက်ပတ်လုံး ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပြီး သတ္တမနေ့၌ ငြိမ်ဝပ်စွာနေ၍ အနားယူတော်မူသောကြောင့်ဖြစ်သည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ငါ၏သန့်ရှင်းရာနေ့၌ မိမိအလိုသို့မလိုက်ဘဲ ဥပုသ်နေ့ကိုစောင့်ထိန်းလျှင်၊ ဥပုသ်နေ့ကို ပျော်မွေ့ရာနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောနေ့ကို ရိုသေဖွယ်ရာနေ့ဟုခေါ်လျှင်၊ ကိုယ့်လမ်းသို့မလိုက်၊ ကိုယ့်အလိုအတိုင်းမပြု၊ ကိုယ့်အလိုအတိုင်းမပြောဘဲ ထိုနေ့ကိုရိုသေလျှင်
သို့ရာတွင် ယေရှုက“ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းအလုပ်လုပ်၏”ဟု သူတို့အားပြန်၍မိန့်တော်မူ၏။
သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများမှစ၍ နွား၊ မြည်းစသောတိရစ္ဆာန်များ၊ သင့်မြို့၌ရှိသောတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။ သင်အနားယူသကဲ့သို့ သင်၏ကျွန်ယောက်ျားကျွန်မိန်းမတို့သည်လည်း အနားယူကြရမည်။
အကြောင်းမူကား ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေရ၏။
အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ “သတ္တမနေ့တွင် ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုရှိသမျှတို့ကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူ၏”ဟု ကျမ်းတစ်နေရာ၌ဆိုထား၏။