ကမ္ဘာဦး 2:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဤသို့ဖြင့် ကောင်းကင်၊ မြေကြီးနှင့်တကွ ၎င်းတို့၌ရှိသောတန်ဆာအားလုံးပြီးစီးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ဘုရားသခင်သည်စကြဝဠာတစ်ခုလုံး ကို ဤသို့ဖန်ဆင်း၍ပြီးဆုံး၏။- အခန်းကိုကြည့်ပါ။Garrad Bible1 မိုး မြေ နှင့် တ ကွ ရှိ ရှိ သ မျှ သည် ပြီး စီး လျက် ရှိ ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားအဖို့ အိမ်တော်နှင့် သူ၏နိုင်ငံတော်အဖို့ နန်းတော်ကို တည်ဆောက်ရန် သိနားလည်နိုင်စွမ်းရှိ၍ ဉာဏ်ပညာနှင့်ပြည့်စုံပြီး ပညာရှိသောသားတော်တစ်ပါးကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသော ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသည့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင်၊ အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်တန်ဆာအားလုံး၊ မြေကြီးနှင့်မြေကြီးတန်ဆာအားလုံး၊ ပင်လယ်နှင့်ပင်လယ်တန်ဆာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာအားလုံးကိုလည်း အသက်ရှင်စေတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြပါ၏။
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဘုရားသခင်သည် သူတို့ထံမှ မျက်နှာလွှဲ၍ သူတို့အား ကောင်းကင်ကြယ်တာရာများကိုဝတ်ပြုစေရန် စွန့်ပစ်ထားတော်မူ၏။ ဤသည်ကား ပရောဖက်ကျမ်းတွင် ‘အစ္စရေးအမျိုးတို့၊ သင်တို့သည် တောကန္တာရတွင် နှစ်ပေါင်းလေးဆယ်တိုင်တိုင် ယဇ်ပူဇော်ရန်တိရစ္ဆာန်များနှင့်ယဇ်များကို ငါ့ထံသို့ ယူဆောင်လာခဲ့ဖူးသလော။