တတိယမြစ်၏အမည်ကား တိုက်ဂရစ်ဖြစ်၏။ ထိုမြစ်သည် အဆီးရီးယားပြည်၏အရှေ့ဘက်သို့ စီးဆင်းလေ၏။ စတုတ္ထမြစ်ကား ယူဖရေးတီးမြစ်ဖြစ်၏။
ကမ္ဘာဦး 2:15 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရအရှင်ဘုရားသခင်သည် လူကိုခေါ်ဆောင်၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေရန် ထိုဥယျာဉ်၌ထားတော်မူ၏။ Common Language Bible ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။- Garrad Bible ထို အ ခါ ထာ ဝ ရ ဘု ရား သ ခင် သည် လူ ကို ခေါ် ဆောင် ၍ ဧ ဒင် ဥ ယျာဉ် ကို ပြု စု စောင့် ထိန်း စေ ခြင်း ငှါ ထား တော် မူ ၏။ Judson Bible ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ ထားတော်မူ၏။ |
တတိယမြစ်၏အမည်ကား တိုက်ဂရစ်ဖြစ်၏။ ထိုမြစ်သည် အဆီးရီးယားပြည်၏အရှေ့ဘက်သို့ စီးဆင်းလေ၏။ စတုတ္ထမြစ်ကား ယူဖရေးတီးမြစ်ဖြစ်၏။
ထာဝရအရှင်ဘုရားသခင်က လူအား “သင်သည် ဥယျာဉ်၌ရှိသမျှသောအပင်၏အသီးကို လွတ်လပ်စွာစားခွင့်ရှိ၏။
သတ္တမနေ့၌ ဘုရားသခင်လုပ်ဆောင်သောအမှု ပြီးဆုံးလေ၏။ ထိုသို့ မိမိလုပ်ဆောင်သောအမှုအလုံးစုံပြီးဆုံး၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် မိမိပုံဖော်ဖန်ဆင်းထားသောလူကို ထိုဥယျာဉ်၌ နေရာချထားတော်မူ၏။
ငါသည် အခြားသောသူတို့ပြုတတ်သကဲ့သို့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလော။ ကိုယ့်ဒုစရိုက်ကို စိတ်ထဲ၌ဝှက်ထားဖူးသလော။
သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။