သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။
ကမ္ဘာဦး 19:7 - မြန်မာ့စံမီသမ္မာကျမ်း “ငါ့ညီအစ်ကိုတို့၊ ဤဆိုးညစ်သောအမှုကို မပြုကြပါနှင့်။ Common Language Bible အဆွေတို့၊ ဤကဲ့သို့ယုတ်မာသောအမှုကိုမပြုရန် တောင်းပန်ပါ၏။- Garrad Bible ညီ အစ် ကို တို့၊ ဤ သို့ မ မှား ယွင်း ကြ ပါ နှင့်။ Judson Bible ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက်မပြုကြပါနှင့်။ |
သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။
ထိုအခါ လောတသည် ထိုသူတို့ရှိရာတံခါးဝသို့ထွက်လာ၍ မိမိနောက်မှ တံခါးကိုပိတ်ပြီးလျှင်
ငါ့ထံ၌ ယောက်ျားနှင့်မဆက်ဆံသေးသော သမီးနှစ်ယောက်ရှိ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ပေးမည်။ သင်တို့အလိုရှိသည့်အတိုင်း သူတို့ကိုပြုကြပါ။ သို့သော် ထိုယောက်ျားတို့သည် ငါ့အိမ်မိုးအရိပ်အောက်တွင် ရောက်နေကြပြီဖြစ်၍ သူတို့ကို မည်သည့်အရာမျှမပြုကြပါနှင့်”ဟု ဆို၏။
မိန်းမနှင့် သင်အိပ်သကဲ့သို့ ယောက်ျားနှင့် မအိပ်ရ။ ထိုအမှုသည် စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။
တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။
အစ္စရေးအမျိုးသမီးများထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာမိန်းမပြည့်တန်ဆာမရှိရ။ အစ္စရေးအမျိုးသားထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာမရှိရ။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
အိမ်ရှင်အဖိုးအိုကလည်း သူတို့ရှိရာအိမ်ပြင်သို့ ထွက်လာ၍ “ညီအစ်ကိုတို့၊ ဆိုးညစ်သောအမှုကို မပြုကြပါနှင့်။ သူသည် အကျွန်ုပ်အိမ်သို့ ရောက်လာသောဧည့်သည် ဖြစ်ပါ၏။ ဤယုတ်ညံ့သောအမှုကို မပြုကြပါနှင့်။
ထိုစဉ် ဧဗက်၏သားဂါလနှင့် သူ့ညီအစ်ကိုတို့သည် ရှေခင်မြို့သို့ ရောက်လာကြ၏။ ရှေခင်မြို့သားတို့သည် သူ့ကို ယုံကြည်အားထားကြ၏။