အာဗြဟံသည် ထိုအရပ်မှ နေဂေ့အရပ်သို့ရွှေ့ပြောင်း၍ ကာဒေရှအရပ်နှင့်ရှုရအရပ်ကြား၌ နေထိုင်လေ၏။ ဂေရာမြို့၌တည်းခိုနေထိုင်စဉ်
ကမ္ဘာဦး 19:38 - မြန်မာ့စံမီသမ္မာကျမ်း သမီးငယ်သည်လည်း သားကိုမွေးဖွား၍ သူ၏အမည်ကို ဗင်အမ္မိ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် အမ္မုန်အမျိုးသားတို့၏ဖခင်ဖြစ်၏။ Common Language Bible သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။ Garrad Bible အ ငယ် လည်း သား ယောက်ျား ကို ဖွား၍ ဗေ န မ္မိ အ မည် ဖြင့် မှည့် လေ၏။ ထို သူ သည် ယ ခု တိုင် အောင် ရှိ သော အ မ္မုန် လူ မျိုး တို့၏ အ ဘ ဦး ဖြစ် သ တည်း။ Judson Bible သမီးအငယ်သည်လည်း သားကိုဖွား၍ ဗေနမ္မိအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏အဘဖြစ်သတည်း။ |
အာဗြဟံသည် ထိုအရပ်မှ နေဂေ့အရပ်သို့ရွှေ့ပြောင်း၍ ကာဒေရှအရပ်နှင့်ရှုရအရပ်ကြား၌ နေထိုင်လေ၏။ ဂေရာမြို့၌တည်းခိုနေထိုင်စဉ်
မိဒျန်လူမျိုးအပေါ်၌လည်းကောင်း၊ ကိရှုန်ချောင်းနားတွင် သိသရနှင့်ယာဘိန်မင်းကြီးတို့အပေါ်၌လည်းကောင်း ကိုယ်တော်ပြုသကဲ့သို့ သူတို့အပေါ်၌ ပြုတော်မူပါ။
သူတို့သည် အနောက်အရပ်ရှိဖိလိတ္တိလူမျိုးတို့ကို အနောက်မှတိုက်ခိုက်လိမ့်မည်။ အရှေ့ပြည်သားတို့ကိုလည်း အတူတကွ လုယူလိမ့်မည်။ မိမိတို့လက်ကို ဧဒုံပြည်၊ မောဘပြည်ပေါ်သို့ ရောက်စေလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏လက်အောက်ခံဖြစ်ရလိမ့်မည်။
“မောဘပြည်သားတို့၏ကဲ့ရဲ့သံ၊ အမ္မုန်အမျိုးသားတို့၏စော်ကားသံကိုငါကြားပြီ။ သူတို့သည် ငါ့လူမျိုးတော်ကိုကဲ့ရဲ့ကြ၏။ ငါ့လူမျိုးတော်၏ပြည်ကိုလည်း ဆန့်ကျင်ပုန်ကန်ကြ၏။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
အမ္မုန်လူမျိုး၊ မောဘလူမျိုးတို့သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူတို့၏မျိုးဆက် ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ သူတို့သည် ထာဝရဘုရားကို ဝတ်မပြု၊ ထာဝရဘုရားကို စွန့်ပယ်၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ဆီးရီးယားဘုရား၊ ဆီဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြုကြ၏။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။