အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 18:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် အာဗြဟံ​သည် နွားအုပ်​ရှိ​ရာ​သို့​ပြေး​၍ နုနယ်​ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို​ရွေးယူ​ပြီးလျှင် ငယ်သား​ထံ​အပ်​လိုက်​ရာ ထို​ငယ်သား​သည် အလျင်အမြန်​ချက်ပြုတ်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အာ​ဗြ​ဟံ​သည်​နွား​အုပ်​ရှိ​ရာ​သို့​ပြေး​ပြီး​လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး​လျက် ကျွန်​တစ်​ဦး​၏​လက်​သို့​အပ်​၍​ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို နောက် နွား အုပ် သို့ ပြေး လျက် နူး ညံ့ ၍ စား ဖွယ် ကောင်း သော နွား ပေါက် တစ် ကောင် ကို ယူ ခဲ့ ပြီး လျှင် လူ ငယ့် လက် သို့ အပ် သ ဖြင့် မြန် မြန် ပြင် ဆင် စေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဖန်​နွား​စု​သို့​ပြေး၍ နု​ထွား​ကောင်း​မွန်​သော​နွား​သ​ငယ်​ကို​ယူ​ခဲ့၍၊ လု​လင်၌​အပ်​သ​ဖြင့် မြန်​မြန်​ပြင်​ဆင်​စေ၏။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 18:7
11 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အာဗြဟံ​သည် တဲ​ထဲ၌​ရှိ​သော​စာရာ​ထံသို့ အလျင်အမြန်​ဝင်သွား​ပြီး “​အကောင်းဆုံး​ဂျုံမှုန့် သုံး​စေအာ​ကို​နယ်​၍ မုန့်ပြား​များ အမြန်​လုပ်​ပါ​”​ဟု ဆို​၏​။


ထို့နောက်တွင် အာဗြဟံ​သည် ထောပတ်​နှင့်​နို့​ကို​လည်းကောင်း​၊ ချက်ပြုတ်​ထား​သော​အမဲဟင်း​ကို​လည်းကောင်း ယူ​၍ သူ​တို့​ရှေ့​၌​ချပေး​လေ​၏​။ သူ​တို့​စား​နေ​ကြ​စဉ် အာဗြဟံ​သည် သူ​တို့​အနား သစ်ပင်​အောက်​တွင် ရပ်​နေ​၏​။


သို့သော် လောတ​သည် သူ​တို့​ကို မရမက​ဖိတ်ခေါ်​သောကြောင့် သူ​တို့​သည် သူ​နှင့်အတူ​လိုက်လာ​၍ သူ​၏​အိမ်​သို့​ဝင်​ကြ​၏​။ လောတ​သည် သူ​တို့​အတွက် စားသောက်ပွဲ​ပြင်ဆင်​၍ တဆေးမဲ့မုန့်​ကို​ဖုတ်​လေ​၏​။ သူ​တို့​သည်​လည်း စား​ကြ​၏​။


သင်​တို့​သည် ဆင်စွယ်​ခုတင်​တွင် အိပ်​လျက်​၊ ညောင်စောင်း​ပေါ်တွင် လဲလျောင်း​လျက်​၊ သိုးအုပ်​ထဲမှ​သိုးသငယ်​များ​နှင့် တင်းကုပ်​ထဲ​မှ​နွားသငယ်​များ​ကို သတ်စား​လျက်​၊


“​သိုးအုပ်​ထဲတွင် သိုးထီး​ရှိ​လျက်​၊ ကတိသစ္စာ​လည်း ပြု​လျက်​နှင့်ပင် ဘုရားရှင်​အား အနာအဆာ​ရှိ​သော​သိုး​ကို​ပူဇော်​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​သင့်​၏​။ အကြောင်းမူကား ငါ​သည် ဘုန်းကြီး​သော​ရှင်ဘုရင်​ဖြစ်​၏​။ ငါ့​နာမ​သည်​လည်း လူမျိုးတကာ​တို့​တွင် ကြောက်ရွံ့ဖွယ်​ဖြစ်​၏​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


တစ်ဖန် သူ​သည် အခြား​သော​အစေအပါး​တို့​အား ‘ငါ​၏​ဧည့်ခံပွဲ​ကို ငါ​ပြင်ဆင်​ထား​ပြီ။ ငါ​၏​နွားလား​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​များ​ကို သတ်​ပြီး​ပြီ။ အားလုံး​အဆင်သင့်​ဖြစ်​ပြီ။ မင်္ဂလာဆောင်​ပွဲ​သို့ ကြွ​ကြ​ပါ​ဟု ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို ပြော​ကြ​လော့’​ဟူ၍ မှာကြား​လျက် စေလွှတ်​လေ​၏။


ဆူဖြိုး​သော​နွားသငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်ရွှင်​စွာ​စား​ကြ​စို့။


အစေခံ​က​လည်း ‘သင်​၏​ညီ​ပြန်​ရောက်လာ​ပြီ။ သူ့​ကို​ကျန်းမာ​စွာ​ဖြင့် ပြန်​တွေ့​ရ​သည့်​အတွက် သင်​၏​ဖခင်​သည် ဆူဖြိုး​သော​နွားသငယ်​ကို​သတ်​ပါ​ပြီ’​ဟု ပြောဆို​၏။


သို့ရာတွင် အဖေ​၏​ဥစ္စာ​ပစ္စည်း​များ​ကို ပြည့်တန်ဆာ​များ​နှင့်​ဖြုန်းတီး​ခဲ့​သည့် အဖေ​၏​ဤ​သား​ပြန်လာ​သောအခါ​၌​မူ သူ့​အတွက် ဆူဖြိုး​သော​နွားသငယ်​ကို သတ်​ပေး​သည်​တကား’​ဟု ဆို​၏။


ထို​မိန်းမ​သည် အိမ်​၌​ရှိ​သော​ဆူဖြိုး​သည့်​နွားသငယ်​ကို ချက်ချင်း​သတ်​၏​။ မုန့်ညက်​ကို​လည်း ယူ​၍​နယ်​ပြီးလျှင် တဆေးမဲ့မုန့်​ကို ဖုတ်​လေ​၏​။