ကမ္ဘာဦး 17:22 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အာဗြဟံနှင့်စကားပြောတော်မူပြီးနောက် သူ့ထံမှ အထက်သို့တက်သွားတော်မူ၏။ Common Language Bible ဘုရားသခင်သည်ထိုသို့မိန့်မှာပြီးနောက် အာဗြဟံထံမှကြွသွားတော်မူ၏။ Garrad Bible အာ ဗြ ဟံ့ ထံ မှ ဘု ရား သ ခင် တက် ကြွ တော် မူ ၏။ Judson Bible မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည်အာဗြဟံထံမှ တက်ကြွတော်မူ၏။ |
ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ထာဝရဘုရားက ‘ငါသည် သင်တို့အား ကောင်းကင်မှ စကားပြောသည်ကို သင်တို့ကိုယ်တိုင် ကြုံတွေ့ရပြီ။
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ထာဝရဘုရားသည် တောင်ပေါ်၌ သင်တို့နှင့် မီးထဲမှမျက်နှာချင်းဆိုင် မိန့်တော်မူ၏။
ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် လက်ထဲရှိ တောင်ဝှေးကို ဆန့်၍ အသားနှင့်တဆေးမဲ့မုန့်ကို တို့သောအခါ ထိုကျောက်မှ မီးတောက်ထွက်၍ အသားနှင့် တဆေးမဲ့မုန့်ကို လောင်ကျွမ်းသွား၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်က ဂိဒေါင်ရှေ့မှ ပျောက်သွား၏။