ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ကမ္ဘာဦး 17:20 - မြန်မာ့စံမီသမ္မာကျမ်း ဣရှမေလအတွက် သင်လျှောက်သောအရာကိုလည်း ငါကြားရပြီ။ ကြည့်ရှုလော့။ ငါသည် သူ့ကိုကောင်းချီးပေးမည်။ သူ့ကိုပွားများစေ၍ အလွန့်အလွန်တိုးပွားစေမည်။ သူသည် ခေါင်းဆောင်တစ်ဆယ့်နှစ်ပါးတို့၏ဖခင် ဖြစ်လာလိမ့်မည်။ ငါသည် သူ့ကိုကြီးမြတ်သောလူမျိုးဖြစ်စေမည်။ Common Language Bible ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။- Garrad Bible ဣ ရှ မေ လ အ ကြောင်း မှာ လည်း သင့် စ ကား ကို ငါ ကြား ရ ပြီ။ သူ့ ကို ငါ ကောင်း ကြီး ပေး ၍ အ လွန် တိုး ပွား များ ပြား စေ မည်။ သူ သည် ဆယ့် နှစ် ဦး သော အ ကြီး အ ကဲ တို့၏ အ ဘ ဖြစ် လျက် သူ့ အား ဖြင့် လည်း လူ မျိုး ကြီး ဖြစ် စေ မည်။ Judson Bible ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းချီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှာလည်း ငါပြုမည်။ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ကျွန်မ၏သားသည်လည်း သင်၏အမျိုးအနွယ်ဖြစ်သောကြောင့် ငါသည် သူ့ကိုလူမျိုးတစ်မျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ထလော့။ သူငယ်ကိုထူမ၍ သူ့ကို သင်၏လက်ဖြင့်ကိုင်ထားလော့။ အကြောင်းမူကား ငါသည် သူ့ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်”ဟု မြွက်ဆို၏။
သင်သည် လူမျိုးကြီးဖြစ်လာသည့်တိုင်အောင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင့်ကိုကောင်းချီးပေး၍ သင့်ကို တိုးပွားများပြားစေတော်မူပါစေသော။
ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။