အာဗြံ၏မယားစာရဲသည် အာဗြံအတွက် သားသမီးမမွေးဖွားပေးနိုင်ချေ။ စာရဲတွင် ဟာဂရအမည်ရှိသော အီဂျစ်လူမျိုးကျွန်မတစ်ယောက်ရှိ၏။
ကမ္ဘာဦး 16:8 - မြန်မာ့စံမီသမ္မာကျမ်း “စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။ Common Language Bible ``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။ ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။ Garrad Bible စာ ရဲ ကျွန် မိန်း မ ဟာ ဂ ရ၊ အ ဘယ် က လာ၍ အ ဘယ် သို့ သွား အံ့ နည်း ဟု မေး သော် သ ခင် မ စာ ရဲ ထံ မှ ကျွန် မ ပြေး ခဲ့ ပါ သည် ဟု လျှောက် သော အ ခါ။ Judson Bible စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှပြေးလာပါသည်ဟု ဆိုလေ၏။ |
အာဗြံ၏မယားစာရဲသည် အာဗြံအတွက် သားသမီးမမွေးဖွားပေးနိုင်ချေ။ စာရဲတွင် ဟာဂရအမည်ရှိသော အီဂျစ်လူမျိုးကျွန်မတစ်ယောက်ရှိ၏။
အာဗြံသည်လည်း ဟာဂရထံသို့ဝင်သဖြင့် ဟာဂရသည် ကိုယ်ဝန်ဆောင်လေ၏။ ဟာဂရသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ မိမိသခင်မကို မထီလေးစားပြုလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း “သင်၏သခင်မထံသို့ပြန်သွား၍ သူ၏လက်အောက်၌နှိမ့်ချရိုကျိုးစွာနေလော့”ဟု သူ့အား မြွက်ဆို၏။
ဘုရားသခင်သည် သူငယ်၏အသံကို ကြားတော်မူ၏။ ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ကောင်းကင်မှနေ၍ ဟာဂရကိုခေါ်ပြီးလျှင် “ဟာဂရ၊ သင်ဘာဖြစ်သနည်း။ မကြောက်နှင့်။ အကြောင်းမူကား သူငယ်ရှိသည့်နေရာမှ သူငယ်၏အသံကို ဘုရားသခင်ကြားတော်မူပြီ။
ထာဝရအရှင်ဘုရားသခင်က လူကိုခေါ်၍ “သင်သည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။
ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
ထို့နောက် သူသည် မိမိသခင်ထံဝင်၍ရှေ့တွင် ရပ်နေ၏။ ဧလိရှဲက သူ့အား “ဂေဟာဇိ၊ အဘယ်အရပ်က ပြန်လာသနည်း”ဟု မေးလျှင် သူက “အရှင့်အစေအပါးသည် မည်သည့်နေရာမှ မသွားပါ”ဟု ပြန်ဖြေ၏။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
ထိုအဖိုးအိုသည် လှမ်းကြည့်၍ မြို့အလယ်လမ်းဆုံလမ်းခွ၌ ခရီးသွားဧည့်သည်ကိုမြင်လျှင် အဖိုးအိုက “မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်နည်း”ဟု မေးလေ၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။