ကမ္ဘာဦး 16:4 - မြန်မာ့စံမီသမ္မာကျမ်း4 အာဗြံသည်လည်း ဟာဂရထံသို့ဝင်သဖြင့် ဟာဂရသည် ကိုယ်ဝန်ဆောင်လေ၏။ ဟာဂရသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ မိမိသခင်မကို မထီလေးစားပြုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 အာ ဗြံ ထွက်၀င် သ ဖြင့် ဟာ ဂ ရ သ န္ဓေ စွဲ လေ၏။ စွဲ ကြောင်း သိ လျှင် ကိုယ့် သ ခင် မ ကို အ ထင် အ မြင် သေး သော ကြောင့် စာ ရဲ က၊ ကျွန် မ ခံ ရ သော နစ် နာ မှု သည် အ မောင် ကြောင့် ဖြစ် ရ၏။ အခန်းကိုကြည့်ပါ။Judson Bible4 အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
ညီအစ်ကိုတို့၊ ငါသည် ငါနှင့်အာပေါလုတို့အကြောင်းကိုပုံဆောင်လျက် ဤအရာများကို သင်တို့အတွက်ဖော်ပြ၏။ ဤသည်ကား သင်တို့သည် ကျမ်းစာ၌ရေးထားသောအရာတို့ကို မကျော်လွန်မည့်အကြောင်း ငါတို့ကိုစံနမူနာထား၍ သင်ယူကြစေရန်နှင့် တစ်ဦးဘက်၌နေ၍ အခြားတစ်ဦးအပေါ် မာနထောင်လွှားခြင်းမရှိကြစေရန်ဖြစ်၏။