ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 15:8 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။ Common Language Bible ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။ Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား၊ ထို ပြည် ကို အ ပိုင် ရ မည့် အ ကြောင်း မည် သို့ သိ ရ ပါ မည် နည်း ဟု မေး လျှောက် သော်၊ Judson Bible အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့သိရပါအံ့နည်းဟု မေးလျှောက်လေ၏။ |
ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် အာဗြဟံအား ဘုရားသခင်ပေးတော်မူသောပြည်ကို သင်ပိုင်ဆိုင်ရမည့်အကြောင်း အာဗြဟံအား ပေးတော်မူသောကောင်းချီးမင်္ဂလာကို ကိုယ်တော်သည် သင်နှင့်တကွ သင်နှင့်အတူရှိသော သင်၏သားမြေးတို့အား ပေးတော်မူပါစေသော”ဟု ကောင်းချီးပေးလျက် မှာကြားလေ၏။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
ထိုအခါ ဟေဇကိမင်းကြီးက ဟေရှာယအား “ထာဝရဘုရားက ငါ့ကိုပြန်ကျန်းမာစေပြီး သုံးရက်မြောက်လျှင် ထာဝရဘုရား၏အိမ်တော်သို့ ငါတက်သွားနိုင်မည့်နိမိတ်လက္ခဏာမှာ အဘယ်နည်း”ဟု မေးလေ၏။
အကျွန်ုပ်ကိုမုန်းသောသူတို့သည် မြင်၍ အရှက်ကွဲကြမည့်အကြောင်း ကောင်းမြတ်တော်မူခြင်း၏အမှတ်လက္ခဏာကို အကျွန်ုပ်အားပြတော်မူပါ။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစ၍ အကျွန်ုပ်ကို နှစ်သိမ့်ပေးတော်မူပြီဖြစ်၏။
“သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။
နွားသငယ်ကိုထက်ဝက်ခြမ်းပြီး အလယ်၌ ဖြတ်လျှောက်၍ ငါ့ရှေ့၌ပဋိညာဉ်ဖွဲ့ခဲ့ပြီးမှ ထိုပဋိညာဉ်ပါအချက်ကို မပြုကျင့်၊ ပဋိညာဉ်ကို ချိုးဖောက်သောသူဖြစ်သော
နွားသငယ်ထက်ခြမ်းအလယ်၌ လျှောက်သွားသော ယုဒလူမျိုးအကြီးအကဲများနှင့်တကွ ဂျေရုဆလင်မြို့အကြီးအကဲများ၊ နန်းတွင်းအကြီးအကဲများ၊ ယဇ်ပုရောဟိတ်များနှင့် ပြည်သူပြည်သားအားလုံးတို့ကို
ဇာခရိကလည်း “အကျွန်ုပ်သည် အိုမင်းသူဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်နေပါသဖြင့် ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု ကောင်းကင်တမန်အား ပြန်ပြောလေ၏။
မာရိကလည်း “ကျွန်မသည် ယောက်ျားနှင့်ဆက်ဆံခြင်းမရှိသည်ဖြစ်၍ ဤအမှုအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း”ဟု ကောင်းကင်တမန်အား မေးလေ၏။