ကမ္ဘာဦး 12:6 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။ Common Language Bible အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-) Garrad Bible အာ ဗြံ သည် ထို ပြည် ကို ဖြတ် သွား ရာ ရှိ ခင် အ ရပ်၊ မော ရေ ညန် ပင် သို့ ရောက် လေ ၏။ ထို အ ခါ ၎င်း ပြည် ၌ ခါ နာန် အ မျိုး သား တို့ ရှိ နှင့် ကြ ၏။ Judson Bible အာဗြံသည် ထိုပြည်ကိုလျှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏။ |
အာဗြံ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် လောတ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌ ခိုက်ရန်ဖြစ်ပွားခြင်းရှိကြ၏။ (ထိုကာလတွင် ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့သည် ထိုပြည်၌နေထိုင်လျက်ရှိကြ၏။)
ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။
ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ သူတို့သည် မိမိတို့လက်ထဲ၌ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားရှိသမျှကိုလည်းကောင်း၊ မိမိတို့နား၌ပန်ထားသော နားကွင်းများကိုလည်းကောင်း ယာကုပ်အားပေးကြ၏။ ယာကုပ်သည်လည်း ၎င်းတို့ကို ရှေခင်မြို့အနီးရှိ သပိတ်ပင်အောက်၌မြှုပ်လေ၏။
အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်မှာ “ငါသည် ရွှင်မြူးခြင်းရှိလျက် ရှေခင်မြို့ကိုခွဲဝေ၍ သုကုတ်ချိုင့်ဝှမ်းကိုတိုင်းတာဝေခြမ်းမည်။
လူကိုချောင်းမြောင်းတိုက်ခိုက်သောဓားပြကဲ့သို့ ယဇ်ပုရောဟိတ်အုပ်စုသည် ရှေခင်မြို့လမ်းတွင် လူကိုသတ်၏။ သူတို့သည် ရှက်ဖွယ်အမှုကို ပြုကြ၏။
ယာကုပ်က မိမိ၏သားယောသပ်အား ပေးခဲ့သည့်မြေကွက်အနီးရှိ ရှုခါဟုခေါ်သော ရှမာရိနယ်မှ မြို့တစ်မြို့သို့ရောက်တော်မူ၏။
သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
ထိုတောင်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ နေဝင်ရာအနောက်လမ်း၊ အရာဗလွင်ပြင်၌နေထိုင်သော ခါနာန်လူမျိုးတို့၏နယ်မြေ၊ ဂိလဂါလပြည်နှင့်မျက်နှာချင်းဆိုင်၊ မောရေတောင်ကုန်းရှိဝက်သစ်ချပင်များအနီး၌ ရှိသည်မဟုတ်လော။
သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။
ထို့ကြောင့် သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်ဒေသရှိ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့၊ ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့တို့ကို ရွေးချယ်၏။
သူတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှယူဆောင်လာခဲ့သော ယောသပ်၏အရိုးကို ရှေခင်၏ဖခင်ဟာမော်၏သားများထံမှ ငွေစတစ်ရာဖြင့် ယာကုပ်ဝယ်ယူထားသော ရှေခင်မြို့ရှိမြေကွက်တွင် သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားမြေးတို့ပိုင်သော အမွေမြေဖြစ်၏။
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် မိမိလူအားလုံးနှင့်တကွ နံနက်စောစော စစ်ချီသွား၍ ဟာရုတ်စမ်းရေတွင်းနား၌ စခန်းချလေ၏။ မိဒျန်လူမျိုးတို့သည် သူတို့၏မြောက်ဘက်၊ မောရေတောင်ကုန်းအနီး ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချ၏။
ယေရုဗ္ဗာလ၏သား အဘိမလက်သည် မိခင်ဘက်မှ ညီအစ်ကိုတို့ရှိရာ ရှေခင်မြို့သို့သွားပြီး မိခင်ဘက်မှ ဘိုးဘေးမျိုးနွယ်စုတို့အား