အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
လုကာ 7:10 - မြန်မာ တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင်၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကို တွေ့ကြ၏။ Common Language Bible တပ်ခွဲမှူးစေလွှတ်လိုက်သောသူများသည်အိမ် သို့ပြန်ရောက်ကြသောအခါထိုအစေခံသည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။ Garrad Bible လွှတ် လိုက် သူ တို့ သည် အိမ် သို့ ပြန် ရောက် လျှင် ကျွန် ကျန်း မာ သည် ကို တွေ့ မြင် ကြ၏။ Judson Bible တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင်၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကို တွေ့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း စေလွှတ်ခြင်းခံရသောသူတို့သည် အိမ်သို့ပြန်ရောက်သောအခါ ထိုအစေအပါးကျန်းမာလျက်ရှိနေသည်ကိုတွေ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပ်မှူး စေလွှတ်သောမိတ်ဆွေများသည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအစေခံသည် ကျန်းမာလျက်ရှိကြောင်းကို တွေ့မြင်ကြ၏။ |
အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။-
ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။-
နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။-
ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်သို့လိုက်သောသူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။-