Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 8:13 - မြန်မာ

13 တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထို​နောက်​ကိုယ်​တော်​က​စစ်​ဗိုလ်​အား ``အိမ်​သို့​ပြန် လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​သည့်​အ​ချိန်​၌ ပင်​လျှင်​စစ်​ဗိုလ်​၏​အ​စေ​ခံ​သည်​ရော​ဂါ​ပျောက် လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သင် ယုံ ကြည် သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ၏။ လု လင် လည်း ထို အ ချိန် နာ ရီ တွင် ပင် ကျန်း မာ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့နောက် ယေရှု​သည် တပ်မှူး​အား“သွား​လော့။ သင်​ယုံကြည်​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​နာရီ​၌​ပင် သူ​၏​ငယ်သား​သည် ကျန်းမာ​လာ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို့နောက် ယေရှု​က ထို​ရောမ​တပ်မှူး​အား “အိမ်​သို့ ပြန်လော့။ သင်​၏​ယုံကြည်ခြင်း​အတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်​အချိန်​၌ပင် တပ်မှူး​၏ အစေခံ​သည် ပြန်လည်​ကျန်းမာလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:13
10 ပူးပေါင်းရင်းမြစ်များ  

အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။


သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-


ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။-


ကိုယ်​တော်​က၊ ထို​စ​ကား​ကြောင့် သင်​သွား​လော့။ နတ်​ဆိုး​သည် သင်၏​သ​မီး​ထဲ​မှ ထွက်​သွား​ပြီ​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ သွား​လော့။ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​အ​မတ်​သည် ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို ယုံ၍​သွား​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ