ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-
ရှင်ယောဟန် 8:29 - မြန်မာ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။- Common Language Bible ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်သည် ငါနှင့်အတူရှိတော်မူ၍ နှစ်သက်တော်မူရာများကို အခါခပ်သိမ်းငါပြုသည့်အတိုင်း ငါ့ကိုတစ်ပါးတည်းစွန့်ထားတော်မမူဟု မိန့်တော်မူ၏။ Judson Bible ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။ |
ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-
ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း၊ လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။
ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။-
သင်တို့သည် ကွဲပြား၍ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးအသီးမိမိတို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။-
အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။-
ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။-
ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။
အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။-
ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တစ်ယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။-