Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 14:31 - မြန်မာ

31 ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 သို့​ရာ​တွင်​ငါ​သည်​ခ​မည်း​တော်​ကို​ချစ်​ကြောင်း ကမ္ဘာ​က​သိ​ရန်​လို​ပေ​သည်။ သို့​ဖြစ်​၍​ငါ​သည် ခ​မည်း​တော်​ငါ့​အား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ငါ​လိုက်​နာ​ဆောင်​ရွက်​၏။ ထ​၍​ဤ​နေ​ရာ​မှ​သွား​ကြ​ကုန်​အံ့'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ငါ၌ ထိုမင်းမည်သို့မျှမတတ်နိုင်သော်လည်း ခမည်းတော်ကိုငါချစ်ကြောင်း၊ ခမည်းတော်ပညတ်တော်မူသည့်အတိုင်းငါလိုက်နာကြောင်းများကို ဤလောကသားတို့သိစေခြင်းငှါဖြစ်မည်။ ထကြ။ ဤမှသွားကြကုန်အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 သို့ရာတွင် ငါ​သည် ခမည်းတော်​ကို​ချစ်​ကြောင်း ဤ​လောက​အား​သိ​စေရန် ငါ့​ကို ခမည်းတော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​ပြု​၏။ ထ​ကြ​လော့။ ဤ​အရပ်​မှ​သွား​ကြ​ကုန်စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ငါ​သည် ခမည်းတော်​ကို​ချစ်ကြောင်း လောကီသားတို့​သိ​စေရန် ခမည်းတော်​မှာကြားတော်မူသည့်​အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 14:31
17 ပူးပေါင်းရင်းမြစ်များ  

ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-


ထ​ကြ၊ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။


ထို​ဗ​တ္တိ​ဇံ​ကို မ​ခံ​မီ​တိုင်​အောင် ငါ​သည် အ​လွန်​ငြီး​ငွေ့​သော​စိတ်​ရှိ၏။-


ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တစ်​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။ ထို​အ​ခွင့်​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ၏။-


ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။-


အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။-


ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။-


ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​ချစ်၏။ ငါ၏​ချစ်​ခြင်း​မေ​တ္တာ၌ တည်​နေ​ကြ​လော့။-


ယေ​ရှု​က​လည်း ဓား​ကို အိမ်၌​သွင်း​ထား​လော့။ ခ​မည်း​တော်​သည် ငါ့​အား​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သ​လော​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ၏။-


ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ