Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 17:4 - မြန်မာ

4 အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဤ​လော​က​တွင်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ​ပါ​ပြီ။ ကိုယ် တော်​အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​သော​အ​မှု တော်​ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်ပြီးစီးသဖြင့် ဤမြေကြီးပေါ်တွင်ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အကျွန်ုပ်​ဆောင်ရွက်​ရန် ကိုယ်တော်​ပေးအပ်​တော်မူ​သော​အမှု​တော်​ကို အကျွန်ုပ်​သည် ပြီးမြောက်​စေ​၍ ကိုယ်တော်​၏​ဘုန်း​တော်​ကို မြေကြီး​ပေါ်၌​ထင်ရှား​စေ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 အကျွန်ုပ်​သည် ကိုယ်တော်​မှာကြားတော်မူ​သမျှတို့​ကို ပြီးမြောက်စေ​၍ ဤ​လောက​တွင် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှားစေပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 17:4
13 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။-


အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။-


သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-


ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။


ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။-


ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။


ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-


ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-


ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ