Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 8:28 - မြန်မာ

28 ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထို့​ကြောင့်​ကိုယ်​တော်​က ``လူ​သား​ကို​မြေ​မှ မြှောက်​ထား​ကြ​သော​အ​ခါ​မှ​ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​လည်း​ကောင်း၊ ငါ သည်​ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​အ​ရ​အ​ဘယ် အ​မှု​ကို​မျှ​မ​ပြု​မူ​၍ မိ​မိ​အား​ခ​မည်း​တော် သွန်​သင်​တော်​မူ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​လျှင်​ဟော​ပြော​သွန်​သင်​သည်​ကို​လည်း ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ယေရှုက သင်တို့သည်လူ့သားကိုမြှောက်ထားကြသည့်ကာလမှ ငါဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ့်အလိုအလျောက်မည်သည်ကိုမျှမပြုဘဲ၊ ခမည်းတော်သွန်သင်တော်မူသည့်အတိုင်းသာ ငါပြန်ကြားကြောင်းကိုလည်းကောင်း သိကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သို့ဖြစ်၍ ယေရှု​က“သင်​တို့​သည် လူ့သား​ကို​မြှောက်​ထား​ကြ​သောအခါ​မှ ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​ဘဲ ငါ့​အား ခမည်းတော်​သွန်သင်​တော်မူ​ခဲ့​သည့်​အတိုင်း ဤ​အရာ​များ​ကို ငါ​ဟောပြော​ကြောင်း​ကို​လည်းကောင်း သိ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထို့ကြောင့် ယေရှု​က “သင်တို့​သည် လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် တင်ထား​သောအချိန်​၌ ငါ​သည် ထို​အရှင်​ဖြစ်ကြောင်း​ကို​လည်းကောင်း၊ ငါ​သည် မည်သည့်​အမှု​ကိုမျှ မိမိ​သဘော​ဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်​ညွှန်ကြားတော်မူသည့်​အတိုင်း ဟောပြောသည်​ကို​လည်းကောင်း သိကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 8:28
28 ပူးပေါင်းရင်းမြစ်များ  

အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-


အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့်၊ လူ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-


ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-


ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊-


ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-


ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဖြစ်၍၊ သင်​တို့​သည် နောက်​တစ်​ဖန် ငါ့​ကို​မ​တွေ့​မ​မြင်​ရ​သော​ကြောင့်၊ အ​ပြစ်​ကင်း​ခြင်း​ကို ဖော်​ပြ​မည်။-


ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။


ထို​အ​ရပ်၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ယောက်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ ထို​သူ​နှစ်​ယောက်​အ​လယ်​မှာ ယေ​ရှု​သည် နေ​ရာ​ကျ​သ​တည်း။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-


မော​ရှေ​သည်​တော၌ မြွေ​ကို မြှောက်​ထား​သ​ကဲ့​သို့ လူ​သား​သည် မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်။-


ယေ​ရှု​က​လည်း၊ သင်​နှင့်​စ​ကား​ပြော​သော​ငါ​သည် မေ​ရှိ​ယ​ပင်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။-


ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။


အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-


ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ခ​မည်း​တော်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကို ထို​သူ​တို့​သည် မ​ရိပ်​မိ​ကြ။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ အာ​ဗြ​ဟံ​မ​ဖြစ်​မီ ငါ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ