ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။-
ရှင်ယောဟန် 8:15 - မြန်မာ သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။- Common Language Bible သင်တို့သည်လူ့စံနှုန်းအရစစ်ဆေးစီရင် တတ်ကြ၏။ ငါမူကားမည်သူ့ကိုမျှမစစ် ဆေးမစီရင်ပြီ။- Garrad Bible သင်တို့သည် ပဝတ္တိကိုထောက်၍စီရင်ဆုံးဖြတ်ကြ၏။ ငါသည် မည်သူ့ကိုမျှစီရင်ဆုံးဖြတ်သည်မဟုတ်။ Judson Bible သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ ငါမူကား မည်သူ့ကိုမျှမစီရင်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ သို့သော် ငါသည် မည်သူ့ကိုမျှ မစီရင်။ |
ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။-
ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှာ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှာ ငါလာ၏။-
ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။-
လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။-
မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။