Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 18:36 - မြန်မာ

36 ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ယေရှုက ငါ့နိုင်ငံသည်ဤလောကနှင့်မစပ်ဆိုင်၊ စပ်ဆိုင်ခဲ့မူငါသည်ယုဒလူမျိုးတို့ လက်သို့မရောက်စေခြင်းငှါ ငါ့ဘက်သားတို့တိုက်လှန်ကြလေပြီ။ ငါ့နိုင်ငံကား ဤမှာမဟုတ်ဟုမိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ယေရှု​က“ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​မ​စပ်ဆိုင်။ ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​မ​ခံရ​ရန် ငါ့​လူ​တို့​သည် တိုက်ခိုက်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် ယခုတွင် ငါ့​နိုင်ငံ​သည် ဤ​နေရာ​မှ​ဖြစ်တည်​သည်​မဟုတ်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ယေရှု​က “ငါ့​နိုင်ငံ​သည် လောကီ​နိုင်ငံ​မဟုတ်။ ဟုတ်​လျှင် ဂျူးခေါင်းဆောင်​များ​၏​ဖမ်းဆီးခြင်း​ကို ငါ​မခံရ​စေရန် ငါ့​တပည့်တို့​က တိုက်ခိုက်ကြ​လိမ့်မည်။ သို့ရာတွင် ငါ့​နိုင်ငံ​သည် ဤ​ကမ္ဘာလောက​မှ မဟုတ်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 18:36
14 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။-


ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။-


ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊-


ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။


သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း စီ​ရင်​တတ်​ကြ၏။ ငါ​မူ​ကား အ​ဘယ်​သူ​ကို​မျှ​မ​စီ​ရင်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ