Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:47 - မြန်မာ

47 ငါ့​စ​ကား​ကို​ကြား​သော​သူ​သည် မ​ယုံ​ကြည်​ဘဲ​နေ​လျှင် ထို​သူ​ကို ငါ​သည်​အ​ပြစ်​မ​စီ​ရင်။ လော​ကီ​သား​တို့​ကို အ​ပြစ်​စီ​ရင်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ လော​ကီ​သား​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ငါ​လာ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

47 ငါ​ဟော​ပြော​သော​စ​ကား​ကို​ကြား​၍​မ​ခံ​မ​ယူ သူ​ကို​ငါ​သည်​တ​ရား​မ​စီ​ရင်။ လော​က​သား​တို့ ကို​တ​ရား​စီ​ရင်​ရန်​ငါ​လာ​သည်​မ​ဟုတ်။ လော​က သား​တို့​ကို​ကယ်​တင်​ရန်​ငါ​လာ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

47 မည်သူမဆို ငါ့ဒေသနာကိုကြားနာ၍မစောင့်ရှောက်လျှင် ထိုသူ့ကိုငါမစီရင်။ ငါသည်ဤလောကကို စီရင်ဆုံးဖြတ်ရန်မဟုတ်။ ကယ်တင်ရန်ရောက်လာပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

47 ငါ့​စ​ကား​ကို​ကြား​သော​သူ​သည် မ​ယုံ​ကြည်​ဘဲ​နေ​လျှင် ထို​သူ​ကို ငါ​သည်​အ​ပြစ်​မ​စီ​ရင်။ လော​ကီ​သား​တို့​ကို အ​ပြစ်​စီ​ရင်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ လော​ကီ​သား​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ငါ​လာ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

47 တစ်စုံတစ်ယောက်​သည် ငါ့​စကား​တို့​ကို​ကြား​လျက် မ​စောင့်ထိန်း​လျှင်​လည်း ငါ​သည် ထို​သူ​ကို​ပြစ်ဒဏ်​မ​စီရင်။ အကြောင်းမူကား ဤ​လောက​ကို ပြစ်ဒဏ်​စီရင်​ရန် ငါ​လာ​သည်​မ​ဟုတ်။ ဤ​လောက​ကို ကယ်တင်​ရန် ငါ​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

47 ငါ့​စကား​ကို ကြား​၍ မလိုက်နာသောသူ​ကို ငါ​သည် အပြစ်​မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် လောကီသားတို့​ကို တရားစီရင်​ရန် ကြွလာသည်​မဟုတ်။ ကယ်တင်​ရန် ကြွလာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:47
13 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-


ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။


သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။


လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။


အ​ခြား​သော​ရွာ​သို့ ကြွ​တော်​မူ၏။


ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။-


လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-


ခ​မည်း​တော်​ရှေ့၌ ငါ​သည် သင်​တို့​ကို​အ​ပြစ်​တင်​မည်​ဟု မ​ထင်​ကြ​နှင့်။ သင်​တို့​ကို အ​ပြစ်​တင်​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ​ကား သင်​တို့​ကိုး​စား​သော မော​ရှေ​ပေ​တည်း။-


သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ