သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါဆို၏။-
ရှင်ယောဟန် 8:11 - မြန်မာ ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။ Common Language Bible ထိုအခါအမျိုးသမီးက ``အရှင်၊ တစ်ယောက် မျှမရှိတော့ပါ'' ဟုပြန်လည်၍လျှောက်ထား ၏။ သခင်ယေရှုက ``ငါသည်လည်းသင့်အားအပြစ် ဒဏ်မစီရင်ပြီ။ သွားလော့။ နောက်တစ်ဖန်အပြစ် မပြုနှင့်'' ဟုမိန့်တော်မူ၏။] Garrad Bible စီရင်သူမရှိပါအရှင်ဘုရား ဟုပြန်လျှောက်ရာယေရှုက၊ ငါလည်းအပြစ်မစီရင်၊ သွားတော့၊ နောက်ထပ်မပြစ်မှားနှင့်ဟု မိန့်တော်မူ၏။ Judson Bible ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမက “တစ်ယောက်မျှမရှိပါ သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါသည်လည်း သင့်ကိုပြစ်ဒဏ်မစီရင်။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန်အပြစ်မပြုနှင့်”ဟု မိန့်တော်မူ၏။] ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ အမျိုးသမီးက “တစ်ဦးတစ်ယောက်မျှ မစီရင်ပါ သခင်” ဟု ဖြေဆိုလေ၏။ ယေရှုက “ငါသည်လည်း သင့်ကို မစီရင်ပါ။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန် အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။ |
သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါဆို၏။-
သာ၍အပြစ်ရှိသည် မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။
သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း ရှိ၏၊ အဘဆိုသည်ဟု မိန့်တော်မူ၏။
ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။
ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။
ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။-
လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။-
ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။-
သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။-