Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 5:14 - မြန်မာ

14 ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ထိုနောက်ယေရှုသည် ဗိမာန်တော့်အတွင်းထိုသူ့ကိုတွေ့ရာ သင်ကျန်းမာလေပြီ။ ထိုထက်ကြီးလေးသောအပြစ်ဒဏ်သင့်မည်ကိုစိုး၍ နောက်ထပ်မပြစ်မှားလင့်ဟုမိန့်တော်မူသည်နှင့် ထိုသူထွက်သွား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍“ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်တော်​၌ တွေ့မြင်တော်မူ​သဖြင့် “ယခု သင်​ကျန်းမာပြီ။ နောက်ထပ် အပြစ်​မပြုနှင့်။ သို့မဟုတ်​လျှင် ပို​၍ ဆိုးရွားသော​ဘေးဒုက္ခ​သည် သင့်​အပေါ်​ကျရောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 5:14
23 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍​နေ​ကြ၏။ ထို​လူ၏ နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက် သာ၍​ဆိုး၏။ ဆိုး​ညစ်​သော ဤ​လူ​မျိုး၌ ထို​နည်း​တူ​ဖြစ်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-


ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။


ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။-


ထို​မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​မျှ မ​စီ​ရင်​ပါ​သ​ခင်​ဟု လျှောက်၏။ ငါ​သည်​လည်း သင်၏​အ​မှု​ကို မ​စီ​ရင်။ သွား​လော့။ နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ