သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။-
ရှင်ယောဟန် 21:7 - မြန်မာ ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။- Common Language Bible ထိုအခါသခင်ယေရှုချစ်တော်မူသောတပည့် တော်က ``ငါတို့၏သခင်ဘုရားပင်တည်း'' ဟု ပေတရုအားပြော၏။ ဤစကားကိုကြားသော အခါပေတရုသည်မိမိချွတ်ထားသည့်အဝတ် ကိုခါးတွင်ပတ်၍အိုင်ထဲသို့ခုန်ဆင်းလေ၏။- Garrad Bible သို့ဖြစ်၍ ယေရှုချစ်တော်မူသောတပည့်တော်က အရှင်ဘုရားဖြစ်သည်ဟု ပေတရုအားဆိုသည့်အတိုင်း အရှင်ဘုရားဖြစ်ကြောင်းကြားသော် နံငယ်ဆည်းနေသောရှိမုန်ပေတရုသည် အင်္ကျီပတ်လျက် အိုင်ထဲသို့ခုန်ဆင်းလေ၏။ Judson Bible ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ပေတရုအား “သခင်ဘုရားပေတည်း”ဟု ဆိုလေ၏။ ရှိမုန်ပေတရုသည် သခင်ဘုရားဖြစ်ကြောင်း ကြားသောအခါ အဝတ်ချွတ်ထားသည်ဖြစ်၍ အပေါ်အဝတ်ကို ခါး၌စည်းပြီးလျှင် ပင်လယ်ထဲသို့ခုန်ဆင်းလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က “ငါတို့၏ သခင်ပင်ဖြစ်သည်” ဟု ပေတရုအား ဆို၏။ ထိုစကားကို ကြားသောအခါ ပေတရုသည် မိမိချွတ်ထားသောအဝတ်ကို ခါး၌ ပတ်၍ ရေထဲသို့ ခုန်ဆင်းပြီးလျှင် ကမ်းစပ်သို့ ကူးလေ၏။ |
သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။-
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။-
ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသောအပြစ်တို့နှင့် လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ် လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏။-
ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊-
ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။-
ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။-
သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။-
ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကား အဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊-
အခြားသော တပည့်တော်တို့သည် ကမ်းနှင့် မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။-