Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 7:47 - မြန်မာ

47 ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

47 ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

47 ထို အ ကြောင်း ကြောင့် သူ သည် များ စွာ ချစ် လှ သည် ကို ထောက်၍ ငါ ဆို သည် မှာ များ ပြား သော သူ၏ အ ပြစ် ပြေ လွတ် ပြီ။ အ နည်း ငယ် ပြေ လွတ် ရ သူ မူ ကား အ နည်း ငယ် မျှ ချစ် သည် ဟု မိန့် တော် မူ ပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

47 ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

47 ထို့ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များပြား​လှ​သော​အပြစ်​တို့​သည် ခွင့်လွှတ်​ခြင်း​ခံရ​ပြီ။ အကြောင်းမူကား သူ​သည် များစွာ​ချစ်​၏။ အနည်းငယ်​သာ​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​သည် အနည်းငယ်​သာ​ချစ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

47 ထို့ကြောင့် သင့်​အား ငါ​ပြောလိုသည်​မှာ သူ​၏​အပြစ်​သည် အလွန်များပြားလှ​သော်လည်း သူ​သည် ခွင့်လွှတ်ခြင်း​ကို ခံရပြီ။ ထို့ကြောင့် သူ​သည် ငါ့​ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သော​အပြစ်လွှတ်ခြင်း​ကို ခံရသောသူ​သည် အနည်းငယ်​သာ​ချစ်တော်မူ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:47
25 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-


ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။


သင်​သည် ငါ့​ခေါင်း​ကို ဆီ​နှင့်​မ​လိမ်း။ သူ​မူ​ကား၊ ငါ့​ခြေ​ကို ဆီ​မွှေး​နှင့် လိမ်း​လေ​ပြီ။-


ထို​မိန်း​မ​အား​လည်း၊ သင်​သည် အ​ပြစ်​တို့​နှင့် လွတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ