Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 21:20 - မြန်မာ

20 ယေ​ရှု​ချစ်​တော်​မူ၍ အ​ထက်​က ည​စာ​စား​သော​အ​ခါ၌ ရင်​တော်​ကို​မှီ၍​လျောင်း​လျက်၊ သ​ခင်၊ ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော​တ​ပည့်​တော်​သည်​လည်း နောက်​တော်​သို့ လိုက်​သည်​ကို ပေ​တ​ရု​သည်​လှည့်၍​မြင်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ပေ​တ​ရု​သည်​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ သူ​၏​နောက်​တွင်​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​ကို​မြင်​လေ​၏။ ထို​သူ​ကား​ည​စာ စား​ကြ​စဉ်​အ​ခါ​က​သ​ခင်​ယေ​ရှု​၏​ရင်​တော် ကို​မှီ​လျက် ``သ​ခင်၊ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​မည့်​သူ​ကား​အ​ဘယ်​သူ​ဖြစ်​သ​နည်း'' ဟု မေး​လျှောက်​ခဲ့​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ပေတရုသည်လှည့်ကြည့်သော် ပွဲတော်တွင်ရင်တော်ကိုမော့ကပ်ပြီးလျှင် အရှင်ဘုရား၊ ကိုယ်တော်ကိုမည်သူပို့အပ်မည်နည်းဟု မေးလျှောက်ခဲ့သူ၊ ယေရှုချစ်တော်မူသောတပည့်တော် လိုက်လာသည်ကိုမြင်လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ယေ​ရှု​ချစ်​တော်​မူ၍ အ​ထက်​က ည​စာ​စား​သော​အ​ခါ၌ ရင်​တော်​ကို​မှီ၍​လျောင်း​လျက်၊ သ​ခင်၊ ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော​တ​ပည့်​တော်​သည်​လည်း နောက်​တော်​သို့ လိုက်​သည်​ကို ပေ​တ​ရု​သည်​လှည့်၍​မြင်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ပေတရု​သည် လှည့်ကြည့်​လိုက်​ရာ ယေရှု​ချစ်​တော်မူ​သော​တပည့်​တော်​သည် နောက်​မှ​လိုက်​လာ​သည်​ကို မြင်​လေ​၏။ ထို​တပည့်​တော်​သည် ယခင်​ညစာ​စား​စဉ်​က ယေရှု​၏​ရင်ခွင်​တော်​သို့​ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​ခဲ့​သူ​လည်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ပေတရု​သည် လှည့်​၍ ကြည့်​သောအခါ ယေရှု​ချစ်တော်မူသော​တပည့်တော်​သည် နောက်​မှ လိုက်လာသည်​ကို မြင်၏။ ထို​တပည့်တော်​မှာ ညစာ​စားသောက်ခဲ့ကြ​စဉ်​က ယေရှု​ပေါ်သို့ မှီ​၍ “သခင်… သခင့်​ကို သစ္စာဖောက်မည့်​သူ​သည် မည်သူနည်း” ဟု မေးခဲ့သော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 21:20
6 ပူးပေါင်းရင်းမြစ်များ  

ထ​ကြ၊ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။


ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ဆီ​သို့ ပြေး​သွား၍၊ သင်္ချိုင်း​တော်​မှ သ​ခင်​ကို​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ဟု​ပြော​ဆို၏။-


သ​ခင်၊ ဤ​သူ၌ အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု မေး​လျှောက်​သော်၊-


ထို​တ​ပည့်​တော်​ကား၊ ဤ​အ​ကြောင်း​အ​ရာ​တို့​ကို သက်​သေ​ခံ၍ ရေး​ထား​သော​သူ​ဖြစ်၏။


ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ