Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:20 - မြန်မာ

20 ထို​သို့​မိန့်​တော်​မူ​ပြီး​မှ လက်​တော်​နှင့် နံ​ဘေး​တော်​ကို ပြ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ကို​မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​၏​လက်​တော် များ​နှင့်​နံ​တော်​ကို​တ​ပည့်​တော်​တို့​အား​ပြ တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​သ​ခင်​ဘု​ရား ကို​တွေ့​မြင်​ရ​သော​အ​ခါ​ဝမ်း​မြောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 လက်တော်များနှင့်နံဘေးတော်ကိုပြတော်မူသော် အရှင်ဘုရားကိုတပည့်တော်တို့မြင်ရ၍ ဝမ်းမြောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​သို့​မိန့်​တော်​မူ​ပြီး​မှ လက်​တော်​နှင့် နံ​ဘေး​တော်​ကို ပြ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ကို​မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုသို့​မိန့်​တော်မူ​ပြီးနောက် လက်​တော်​နှင့်​နံဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​သောအခါ ဝမ်းမြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထိုသို့​နှုတ်ဆက်တော်မူ​ပြီးနောက် မိမိ​လက်တော်​နှင့် နံဘေးတော်​တွင် ရရှိခဲ့သော ဒဏ်ရာများ​ကို ပြတော်မူ၏။ တပည့်တော်တို့​သည် သခင်ဘုရား​ကို တွေ့မြင်​သောအခါ ဝမ်းမြောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:20
9 ပူးပေါင်းရင်းမြစ်များ  

ထို​မိန်း​မ​တို့​သည်​လည်း ကြောက်​ရွံ့​သ​ဖြင့်​လည်း​ကောင်း၊ အ​လွန်​ဝမ်း​မြောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​သွား၍ တ​ပည့်​တော်​တို့​အား ထို​သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း​ငှာ ပြေး​ကြ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လိမ့်​မည်။ လော​ကီ​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း ထို​ဝမ်း​နည်း​ခြင်း​သည် တစ်​ဖန် ဝမ်း​မြောက်​ခြင်း ဖြစ်​လိမ့်​မည်။-


ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။-


စစ်​သူ​ရဲ​တစ်​ယောက်​သည် နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ဖောက်၍ သွေး​နှင့် ရေ​သည် ချက်​ချင်း​ထွက်​လာ၏။-


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-


ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ