ရှင်ယောဟန် 20:2 - မြန်မာ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။- Common Language Bible သူသည်ရှိမုန်ပေတရုနှင့်သခင်ယေရှုချစ် တော်မူသောတပည့်တော်ထံသို့ပြေးသွားပြီး လျှင် ``သခင်ဘုရားကိုသင်္ချိုင်းတော်မှယူဆောင် သွားကြလေပြီ။ အဘယ်မှာထားကြသည်ကို မသိပါ'' ဟုပြော၏။ Garrad Bible ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသောအခြားတပည့်တော်တို့ထံ လျင်လျင်သွား၍ သင်္ချိုင်းဂူတော်ထဲမှ အရှင်ဘုရား၏အလောင်းတော်ကိုယူသွားပြီ။ အဘယ်မှာထားသည်ကိုကျွန်မတို့မသိပါဟု ပြောဆိုသောကြောင့်၊ Judson Bible ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ထံသို့ ပြေးသွား၍ “သခင်ဘုရားကို သင်္ချိုင်းဂူထဲမှ သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူသည် ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသည့် အခြားသောတပည့်တော်ထံသို့ ပြေး၍ “သူတို့သည် သခင့်အလောင်းတော်ကို သင်္ချိုင်းဂူမှ သယ်ယူသွားကြ၏။ မည်သည့်နေရာ၌ ထားကြသည်ကို မသိပါ” ဟု ဆိုလေ၏။ |
ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊-
ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။-
ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။-
ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည်ကြသေး။-
ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကား အဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊-
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။-